၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အားကစားရွာ၌ လေအေးပေးစနစ် အလုံအလောက် မပေးနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ
ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသော နိုင်ငံတကာမှ အားကစားသမား များ တည်းခိုနေထိုင်သည့် အားကစားရွာ၌ လေအေး ပေးစနစ် အလုံအလောက် မပေးနိုင်ခြင်းကြောင့် နိုင်ငံတကာမှ အားကစားသမားများ အပူဒဏ်ခံစား နေကြရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
လက်ရှိပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အားကစားရွာ၌ ရာသီဥတုပူပြင်းနေပြီး ပြင်သစ်နိုင်ငံက နိုင်ငံတကာမှ အားကစားသမားများအတွက် လုံလောက်သည့် လေအေးပေးစနစ် တပ်ဆင်ပေးထားခြင်း မရှိသည့် အတွက် ကစားသမားများအနေဖြင့် တည်းခိုနေထိုင်ရန် ခက်ခဲနေသောကြောင့် လုံလောက်သည့်လေအေး ပေးစနစ် တပ်ဆင်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြသော် လည်း လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် နိုင်ငံတကာမှ အားကစားသမားများ အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
လက်ရှိ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် အီတလီနိုင်ငံအတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်သည့် ရေကူး အားကစားသမား သောမက်ဆီကွန်သည် အားကစားရွာ၌ တည်းခိုနေထိုင်စဉ် ရာသီဥတုဒဏ်မခံနိုင် သည့်အတွက် အားကစားရွာအတွင်းရှိ အရိပ်ရသည့်နေရာများ၌ အိပ်စက်ခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ လုံလောက်သည့် လေအေးပေးစနစ်များ တပ်ဆင် ပေးခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ အိန္ဒိယနိုင်ငံမှ အားကစားအဖွဲ့သည်လည်း အားကစားရွာ၌ တည်းခိုနေထိုင်ရာတွင် လေအေးပေးစနစ် မလုံလောက်သည့် အခက်အခဲ တွေ့ကြုံနေရသောကြောင့် အိန္ဒိယအားကစား ဝန်ကြီးဌာနက ၎င်းတို့၏ အားကစားသမားများ အတွက် လေအေးပေးစက် အလုံးရေ ၄ဝ အားကစား ရွာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။