အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)က အင်္ဂလန်အသင်း နည်းပြရာထူး အတွက် ပိုချက်တီနိုကို ခန့်အပ်ရန် ဆွေးနွေးနေ
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က လစ်လပ်နေသော အင်္ဂလန်အသင်းနည်းပြ ရာထူးအတွက် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြပိုချက်တီနိုကို ခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။
အင်္ဂလန်အသင်း နည်းပြဟောင်း ဆောက်ဂိတ်သည် အသင်းကို ၂၀၁၆ ခုနှစ်မှ စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့သည့်အတွက် လက်ရှိ အင်္ဂလန်အသင်း နည်းပြရာထူးမှာ လစ်လပ်နေခြင်းဖြစ်သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြဆောက် ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း နည်းပြဆောက်ဂိတ် ကိုယ်တိုင် က ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နည်းပြပိုချက်တီနိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကို တာ၀န်ယူ ကိုင်တွယ်ခဲ့သော်လည်း တစ်ရာသီသာ ကိုင်တွယ်ခွင့်ရရှိခဲ့ကာ ရာသီ အကုန်တွင် အသင်းမှထုတ်ပယ်ခံရပြီးနောက် လက်ရှိ တွင် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်သည်။
အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်သည် အစောပိုင်းက နည်းပြသစ်အဖြစ် မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကို ခန့်အပ်ရန်ကြိုးပမ်းခဲ့သော်လည်း နည်းပြဂွါဒီယိုလာ က မန်စီးတီးအသင်းကိုသာ တာ၀န်ယူရန် ဆုံးဖြတ်ထားသည့်အတွက် ပိုချက်တီနိုကို ခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။