၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား အသက် ၂၀ နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲကျင်းပ

 

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား အသက် ၂၀ နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲကျင်းပ

 

ရန်ကုန်   ဩဂုတ်   ၁၀

    ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် ၂၀ နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို     ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  အောင်ဆန်းအားကစား ပြိုင်ဝင်း  မိုးလုံလေလုံ အားကစားရုံ၌    ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့   ရန်ကုန်တိုင်းဒေသကြီး   အားကစားနှင့် ကာယပညာ ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများနှင့် ဘင်ခရာအဖွဲ့ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ  ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ယင်းနောက်    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား   ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကို   ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများသည်    ပထမနေ့ပြိုင်ပွဲများအား     ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းမှ ကစားသမား  ၂၅၀ ကျော်တို့က    ဩဂုတ်လ  ၁၈  ရက်ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုကြေးငွေအဖြစ် အမျိုးသားပြိုင်ပွဲ    ပထမဆု   ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၅၀၊ တတိယဆု ငွေကျပ် ၂၅ သိန်း၊ စတုတ္ထဆုငွေကျပ် ၁၅ သိန်း၊    အကောင်းဆုံးဆုငွေကျပ်   ၁၀ သိန်း၊    အမျိုးသမီးပြိုင်ပွဲ ပထမဆု ငွေကျပ်သိန်း ၆၀၊ ဒုတိယဆု ငွေကျပ်သိန်း ၃၀၊  တတိယဆု ငွေကျပ် ၁၅ သိန်း၊ စတုတ္ထဆု ငွေကျပ် ၁၀ သိန်းနှင့်  အကောင်းဆုံးဆု ငွေကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 

Dates: 
Sunday, August 11, 2024 - 17:58