(၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထား

 

(၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထား

 

ရန်ကုန်     ဩဂုတ်   ၁၀

    အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်းတွင် ဩဂုတ်လ ၆ ရက်မှ ၁၂ ရက်ထိ ကျင်းပသည့် (၅၆)ကြိမ်မြောက်  အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ရဲထွန်းနောင်နှင့် နီနီအောင်တို့ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိထားကြောင်း သိရသည်။

ယနေ့ယှဉ်ပြိုင်မှု၏ ကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ရဲထွန်းနောင်က ပထမရွှေတံဆိပ်ဆွတ်ခူး နိုင်ခဲ့ပြီး အိန္ဒိယကစားသမားက ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း၊  မလေးရှား ကစားသမားက တတိယ ကြေးတံဆိပ်ဆုကို လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ထို့အတူ Women's Model Physique up to 160 cm ပြိုင်ပွဲတွင် နီနီအောင်က ပထမရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပြီး တရုတ် (မကာအို)နိုင်ငံကစားသမားက ဒုတိယငွေတံဆိပ်ဆုကို လည်းကောင်း၊ ထိုင်းနိုင်ငံ ကစားသမားက တတိယကြေးတံဆိပ်ဆုကို လည်းကောင်း ရရှိခဲ့ကြသည်။

အခြားပွဲစဉ်များဖြစ်သည့် ကာယဗလ ၈၅ ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းထက်ကျော်နှင့် Men's Sports Physique up to 170 cm ပြိုင်ပွဲတွင် သန်းထိုက်ဦးတို့က ပဉ္စမဆုများ ရရှိခဲ့ကြကြောင်းနှင့် မြန်မာအား ကစားအဖွဲ့သည် ကျန်ရှိသည့်ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်လျက် ရှိကြကြောင်း မြန်မာနိုင်ငံကာယ ဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ သိရသည်။

Dates: 
Sunday, August 11, 2024 - 18:34