ကျောက်ဆည်ခရိုင်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို အက အရေး အတီးပြိုင်ပွဲ ဖွင့်လှစ်

 

ကျောက်ဆည်ခရိုင်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို အက အရေး အတီးပြိုင်ပွဲ ဖွင့်လှစ်

 

ကျောက်ဆည်  ဩဂုတ် ၁၁

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်တွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့   အဖွဲ့ဝင်(၁)  ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်ဇော်ဦး၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်စိုးလင်း၊ ခရိုင် အဆို၊ အက၊  အရေး၊ အတီးပြိုင်ပွဲ အမှတ်ပေးဒိုင်ချုပ်ဥက္ကဋ္ဌ   ဦးဝင်းမောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကောင်းမြတ်နိုင်က ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့်ပြိုင်ပွဲများတွင် ယခင်နှစ်များထက် အောင်မြင်မှု များရရှိအောင် ကြိုးစားသွားကြစေလို ကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသား ရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွား စေရေး လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ဝါသနာရှင်ဒုတိယအဆင့် အမျိုးသား၊ အမျိုးသမီး  ခေတ်ဟောင်း ကာလပေါ်အဆိုပြိုင်ပွဲ၊   အခြေခံပညာ အဆင့် (၁၀-၁၅) နှစ် အမျိုးသား၊ အမျိုး သမီး အဆို၊ အတီးပြိုင်ပွဲ၊ (၁၅-၂၀) နှစ် တစ်ပင်တိုင်အက၊ ကျေးလက်ယိမ်းအက၊ စန္ဒရား၊ ပတ္တလား၊ ဂီတာ၊ ဒုံမင်း၊ ဆိုင်း အတီးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။  

Dates: 
Monday, August 12, 2024 - 08:53