နေပြည်တော် ၊ ဒီဇင်ဘာ - ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက်ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ အလျား ၄၀ ပေ၊ အနံ ၇ ပေ၊ ရေစူး ၃ ပေခန့်ရှိ စည်းပျက်ကမ်းနီး ငါးဖမ်းလှေပေါ်မှ အမျိုးသား ၉ ဦးကို လည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ အလျား ၄၂ ပေ၊ အနံ ၁၀ ပေ၊ ရေစူး ၃ ပေခန့် စည်းပျက်ကမ်းနီး ငါးဖမ်းလှေပေါ်မှ အမျိုးသား ၈ ဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများအား ကျွန်းစုမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။