မတ္တရာမြို့နယ်မှ နေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိ

မတ္တရာမြို့နယ်မှ နေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် မေလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥဒိန် ကျေးရွာ၊ မြွေတဲအုပ်ကျေးရွာနှင့် မြွေကူးတို့ဆိပ်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှို့မှုကြောင့် ဥဒိန်ကျေးရွာ၊ မြွေတဲအုပ်ကျေးရွာနှင့် မြွေကူးတို့ဆိပ်ကျေးရွာ တို့မှ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဥဒိန်ကျေးရွာအနီးတွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် မြွေကူးတို့ဆိပ်ကျေးရွာစာသင်ကျောင်း အတွင်းမှ အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် ရာ ဥဒိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့ရ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် သမားများ မြွေကူးတို့ဆိပ်ကျေးရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်များကို လိုက်လံရှင်းလင်းခဲ့ရာ မြွေကူးတို့ဆိပ်ကျေးရွာ စာသင်ကျောင်းအတွင်းမှ လက်လုပ် စိန်ပြောင်း ၆ လက်၊ လက်လုပ်ဗုံးသီး ၄၅ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

အလားတူ မေလ ၆ ရက်နေ့က တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ ဇီးပြောင်းကျေးရွာရှိ ရော်ဘာခြံအတွင်း ကျရောက်ပေါက် ကွဲခဲ့ပြီး ပြည်သူ ၁ ထိမှန်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေ လျက်ရှိပြီး ၎င်းသတင်းသည် မှန်ကန်မှုမရှိဘဲ မေလ ၆ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အကြမ်းဖက်သမားများသည် တိုက်ပွဲများဖော်ဆောင်ရာတွင် စစ်ရေးနှင့်မသက် ဆိုင်သည့် ကျေးရွာနေအိမ်များ၊ ဒေသခံပြည်သူများနှင့် စာသင်ကျောင်းများကို အကာ အကွယ်ယူတိုက်ခိုက်ခြင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကို စာသင်ကျောင်းများအတွင်း ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများမှ ကြောက်ရွံ့ ထိတ်လန့်လျက်ရှိပါသည်။ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် တရား မဝင်ပြည်ဖျက် မီဒီယာများမှ သတင်းတု၊ သတင်း အမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Dates: 
Monday, August 12, 2024 - 06:45