မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Abhay Thakur အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Abhay Thakur အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် လက်ခံတွေ့ဆုံ

နေပြည်တော်  မေ  ၁၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H. E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်လူရွယ်များ၏  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော MoU အရ အိန္ဒိယနိုင်ငံ၏ ကူညီမှုရန်ပုံငွေဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏အောင်မြင်ဖြစ်ထွန်းမှုနှင့်  အကျိုး ရလဒ်များ၊ အလားတူ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် MoU အသစ် ထပ်မံရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

Dates: 
Monday, August 12, 2024 - 09:22