မင်းတပ်မြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

မင်းတပ်မြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၁၂

ချင်ပြည်နယ်၊ မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ်လ ၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာ လုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အဝင်ရှိ စစ်ဆေး ရေးဂိတ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်  မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟုလည်းကောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ မင်းတပ်မြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါမြို့နယ်များအတွင်း  PDF အမည်ခံအကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများလုပ်ဆောင်ရန် ရောက်ရှိစုဖွဲ့နေကြောင်း သတင်းပေး ပို့ချက်အရ လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်များရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းနှင့် ပြည်သူ များ ထိခိုက်သေဆုံးခဲ့သည်မှာ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေးမှ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့၊ရွာများကို Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ကို အကြမ်းဖက်အား ပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လူမှုကွန်ယက် မှတစ်ဆင့် သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

Dates: 
Monday, August 12, 2024 - 17:40