နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ မေ - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ် ဆရာတော် နှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်ရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ် ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း နှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူး မြော်ကာ စေတီတော်လှိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော် View Point နေရာမှ ကျိုင်းတုံဒေသရှုခင်း များကိုကြည့်ရှုကြပြီး သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်းဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မ ဆေးရုံတော်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာ ဗောဓိ စေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများကပ်လှူပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာဗောဓိစေတီတော်မြတ်ကြီး ဘက်စုံထိန်းသိမ်းဆောင်ရွက်ရန် အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြည်က လက်ခံရယူသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့်ဟောစံ သံဝေဇနိယ လေးဌာန တို့အား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး တည်ထားကိုး ကွယ်ရန် အတည်ပြုနေရာဆောင်ရွက်ထားရှိမှု၊ ကျောက်ထုတ်လုပ်ရေးစက်ရုံမှ ဘုရား တည်ဆောက်ရေးအတွက် ကျောက်များထုတ်လုပ်ထားရှိမှု၊ လောကသရဖူဘုရားကြီး ၏ ပုံတူ ပုံစံငယ်လျာထား ပူဇော်ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး ဝစီပိတ်ဆရာ တော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူ များ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း၌ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးစွာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ အနေဖြင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ သတ္တ သတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ရည်စူးဖူး‌ မြော်နိုင်စေရန်ရည်ရွယ်၍ ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင် ပဓာနကမကထပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူ များ၏  စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ယခု ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် ကျိုင်းတုံဒေသအတွင်း သာသနာတော် ထွန်းကား ပြန့်ပွား ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, August 13, 2024 - 04:06