အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  ဩဂုတ်  ၁၂

    အင်ဒိုနီးရှားနိုင်ငံ  ဘာတန်ကျွန်း၌ သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် (၅၆)ကြိမ်မြောက်  အာရှကာယဗလနှင့်   ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုဆွတ်ခူးကာ    နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေပိုင်းတွင်    ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

    အောင်ပွဲရ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး    အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊  မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊    အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)   ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး  ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများက အိုးစည်ဒိုးပတ်အကများဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌    သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အောင်ပွဲရ နိုင်ငံ့ဂုဏ်ဆောင်  မြန်မာအားကစားအဖွဲ့အား  တစ်ဦးချင်းလိုက်လံ၍   ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

 ယင်းအားကစားပြိုင်ပွဲသို့ နိုင်ငံပေါင်း ၂၂   နိုင်ငံမှ  အားကစားသမား  ၂၀၀ ကျော်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း  မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။

Dates: 
Tuesday, August 13, 2024 - 10:03