၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကျင်းပ

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ  အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၂

   ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့် အတန်းတိုးတက် မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား) ပြိုင်ပွဲအုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များ အဖြစ်(အမျိုးသား) အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ   မန္တလေးတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို  ၇ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊    မကွေးတိုင်းဒေသကြီး အသင်းက ချင်းပြည်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၇ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

   ဩဂုတ်လ ၁၃ ရက်(ယနေ့) နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား)အုပ်စု ပတ်လည်ပြိုင်ပွဲပွဲစဉ် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီ တိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ် အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့်တနင်္သာရီ တိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ် အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ်    ချင်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ   နေပြည်တော်အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့  ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

Dates: 
Tuesday, August 13, 2024 - 10:41