ယမန်နေ့မှအဆက်
သူ့ရင်ဘတ်က အောင့်အောင့်နေတတ် တာတစ်မျိုး။
သူ့ကိုသူလည်း သက်ဆိုးမှ ရှည်ပါ့မလား ဆိုတာတွေလည်း သူတွေးနေပုံရသည်။
နောက်ဆုံးတော့ သူတောင်းသောကတိ တစ်ခုကို ပေးလိုက်ရသည်။
ကိုလတ်ဆိုသော လူတစ်ယောက် အကြောင်းကြောင်းကြောင့် အောင်နှင့် ကွဲကွာခဲ့သည်ရှိသော် ကျွန်တော်က အောင့် ကို ဆက်လက်တွဲဖို့...။
အခန်း(၅၄)
ကိုအောင်ရောက်လာတော့ အောင် သည် မှတ်တမ်းစာအုပ်ကို ကပျာကယာ ကိုအောင့်လွယ်အိတ်ထဲ ပြန်ထည့်လိုက်လေ သည်။
တုန်နေသောနှုတ်ခမ်းတွေကို တစ်လှည့် စီ ကိုက်ထားရလေသည်။
ရင်ထဲ၌ဆို့လာသလိုဖြစ်ပြီး အသက်ရှူ ရကျပ်လာလေသည်။
ခေါင်းထဲတွင် ဝေနေသည်။
အရာဝတ္ထုတစ်ခုနှင့်တစ်ခုသည် ရှုပ်
ထွေးငြိတွယ်နေသလိုပင်။
အောင်...
အောင်...
ကိုအောင်က ခပ်လှမ်းလှမ်းကတည်း က ခေါ်လာလေသည်။
ကိုအောင်၏ခေါ်သံသည် ပုံမှန်ပင်ဖြစ် သော်လည်း နားထဲတွင် အကျယ်ကြီးလို ကြားလိုက်မိသည်။ ကိုအောင့်ကို မကြည့် သော်လည်း အောင့်မျက်လုံးများတစ်ဝိုက် တွင် မျက်ရည်စတွေဝေ့နေသည်။
ငါ သွေးတွေရလာပြီ၊ ကိုလတ် ခွဲခန်း မရောက်ခင် တစ်ခုခုသွားစားရအောင်လား
ဟင့်အင်း...ကျွန်တော် မစားချင်ဘူး
ဟာ...ဘယ်ဖြစ်မလဲ၊ တစ်ခုခုတော့ စားမှပေါ့၊ အကုန်လဲကုန်ကြလိမ့်မယ်၊ ငါလည်းမစားချင်ပါဘူး၊ မစားလို့ကလည်း မဖြစ်ဘူး အောင်၊ ကဲ...လာ
ကျွန်တော် မစားတော့ပါဘူး
ဘယ့်နှယ်မစားရမှာလဲ၊ စားရမယ်၊ နင် မနေ့ညကလည်း တစ်ညလုံးမအိပ်ဘူး ဆို၊ အိပ်လည်းမအိပ်၊ စားလည်းမစားဆို ဘယ်ဖြစ်မလဲ၊ လာစမ်းပါဟာ၊ ချောစုလည်း ခေါ်ခဲ့၊ လာ...သွားမယ်၊ ထ
အောင့်ကိုယ်ပေါ်မှလွယ်အိတ်ကို လျင် မြန်စွာကောက်ယူလိုက်လေသည်။
အောင်က ရုတ်တရက်မထ။ ချောစုက အောင့်အား လှမ်းကြည့်ကာ
အောင်...လိုက်သွားလေ၊ ငါက စောစောက ခင်မလတ်နဲ့ ပေါင်မုန့်စား လိုက်ပြီ၊ ကိုအောင် အောင့်ကို ရအောင် ခေါ်သွားပါ၊ ဒီကောင်မလေး ဘာမှမစား ရသေးဘူး
လိုက်သွားလိုက်ပါလား သမီး
ကိုလတ်၏အမေက လှမ်းပြောသဖြင့် အောင်က ကိုအောင့်နောက်ကို လိုက်သွား ရလေသည်။
ကိုအောင်သည် အောင့်ရှေ့မှ လွယ် အိတ်လွယ်လျက် သုတ်သုတ်သုတ်သုတ် နှင့် ထွက်ခွာသွားလေသည်။ အောင့်ကို စောင့်ခေါ်ဖို့သတိရဟန်မတူ။
သူ့စိတ်အာရုံက ကိုလတ်ခွဲစိတ်ခန်းသို့ မရောက်ခင် ဆေးရုံသို့ ပြန်လာချင်ပုံရလေ သည်။ အောင်လည်း ဒီလိုပါပဲ။
ဆေးရုံကပင် လုံးဝမခွာချင်။ စိတ်က ကိုလတ်ဆီသာရောက်နေသည်။
ကျွန်တော် ထမင်းမစားချင်ဘူး
ကိုအောင်
အောင်သည် ကိုအောင့်ခြေလှမ်းတွေ ကိုမီအောင် မနည်းလိုက်ရလေသည်။
တစ်ခုခုတော့ စားလေ၊ နွားနို့ဖြစ်ဖြစ် သောက်၊ အားဖြစ်သွားအောင် ဟုတ်လား
အောင်က ခေါင်းတစ်ချက်ညိတ်ရင်း မျက်ရည်တွေ ဝေ့လာပြန်သည်။
ဝမ်းမနည်းပါနဲ့ဟာ၊ ကိုလတ်အခြေအနေကောင်းလာမှာပါ၊ သွေးတွေလည်း ပြည့်စုံပြီပဲ
ကိုအောင်က ခပ်သွက်သွက်ပြောလိုက် သော်လည်း မျက်လုံးများကား မှေးမှိန်ကာ အားနည်းဖျော့တော့နေသည်။
အခန်း(၅၅)
ကိုအောင်သည် သူထိုင်နေကျ လက် ဖက်ရည်ဆိုင်သို့ အောင့်ကိုခေါ်သွားသည်။
ငါလည်း ထမင်းမစားချင်ဘူး၊ လက် ဖက်ရည်ပဲသောက်တော့မယ်၊ နင့်ဖို့ နွားနို့ မှာလိုက်မယ်နော်
ကိုအောင်က ချော့သလိုပြောလိုက် တော့ အောင်သည် ခေါင်းကိုတစ်ချက်သာ ညိတ်ပြရင်း...
ကိုလတ်အခြေအနေတကယ်ကောင်း မှာလား၊ ကိုအောင်ရော ဒီအတိုင်းပဲ
ယုံသလား
ယုံတာပေါ့ဟာ၊ ယုံလို့ တို့ဝိုင်းပြီး ကြိုးစားနေကြတာပေါ့၊ ဒီမှာ လက်ထောက် ဆရာဝန်တွေကလည်း ငါ့သူငယ်ချင်းတွေ ပဲ၊ ဆရာဝန်ကြီးတွေလည်း ငါတို့သိတာ များပါတယ်၊ ကိုလတ်ကို အားလုံးက ဂရု စိုက်ကြတာပဲ၊ သေမင်းကို ကိုလတ်နိုင်ပါ တယ်ဟာ၊ သူ အနိုင်ယူနေကျပါ
သေခြင်းတရားကို လူတွေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး
ဒီတစ်ခါ ကိုအောင်သည် ဟန်လုပ် ပြုံးတာလား၊ တကယ်ပဲပြုံးချင်လို့လား မသိ။
ဆက်လက်ဖော်ပြပါမည်။