ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကမ်းနီး ငါးဖမ်းလှေနှစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ   ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မအိုင်ကျွန်း၏တောင်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ အလျားပေ ၄ဝ၊ အနံ ၇ ပေ၊  ရေစူး ၃ ပေခန့်ရှိ  စည်းပျက်ကမ်းနီးငါးဖမ်းလှေပေါ်မှ အမျိုးသား ကိုးဦးကို လည်းကောင်း၊ ညနေ ၅ နာရီ  ၁ဝ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက် ရေမိုင် ၁ဝ မိုင်ခန့်အကွာ၌ အလျား ၄၂ ပေ၊ အနံ ၁ဝ ပေ၊ ရေစူး ၃ ပေခန့် စည်းပျက် ကမ်းနီးငါးဖမ်းလှေပေါ်မှ အမျိုးသားရှစ်ဦး ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများနှင့် လှေများအား ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။