မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
နေပြည်တော် မေ ၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီးတွင် FIELDER အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမူပြုံးချို(ခ)ပြုံးချိုနှင့် မနန်းခံဗိုလ်တို့ ၂ ဦးထံမှ ဘိန်းစိမ်း ၇ ဒသမ ၂ ကီလိုကိုလည်းကောင်း၊ အလားတူ မေလ ၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်း ကျေးရွာအနီးတွင် ညီညီမြင့်မောင်းနှင်ပြီး သန့်စင်ထွန်းလိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော် ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ ကျေးရွာ အနီးတွင် နေဝင်းထွန်း(ခ)ကိုရဲ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)