UAB Bank Badminton Junior Championship 2024 အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန် မေ ၄
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်နှင့် ပူးပေါင်းပြုလုပ်သည့် UAB Bank Badminton Junior Championship 2024 ကြက်တောင် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ အမျိုးသား ကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။
နောက်ဆုံးဗိုလ်လုပွဲပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ UAB Bank မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါဗိုလ်လုပွဲပြိုင်ပွဲတွင် အသက်ကိုးနှစ်အောက်၊ ၁၁ နှစ်အောက်၊ ၁၃ နှစ်အောက်၊ ၁၅ နှစ်အောက်၊ ၁၇ နှစ်အောက်၊ ၁၉ နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ၊ အသက် ၁၅ နှစ်အောက်၊ ၁၇ နှစ်အောက်၊ ၁၉ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့်အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယရရှိကြသည့် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် နှင့် UAB Bank မှတာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ကြ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အသက် ၁၉ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယရရှိကြသည့် အားကစား သမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက် ကြသည်။
ယင်းပြိုင်ပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကလပ် စုစုပေါင်း ၂၇ ခုမှ ကြက်တောင်အားကစားသမား ၂၀၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဝန်းရံခ