ဘရာဇီးအမျိုးသမီးအသင်း ကွင်းလယ်ကစားသမား မာတာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူကြောင်း ကြေညာ
ရီယိုဒီဂျနေးရိုး ဩဂုတ် ၁၂
ဘရာဇီးအမျိုးသမီးအသင်း ကွင်းလယ်ကစား သမားမာတာက ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူကြောင်း အတည်ပြု ကြေညာခဲ့သည်။
အသက် ၃၈ နှစ်အရွယ် မာတာသည် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့်အတူ ပါဝင်ခဲ့ပြီးနောက် အသင်းနှင့်အတူ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော်လည်း အမေရိကန်အသင်းကို ရှုံးနိမ့်ပြီးနောက် ရွှေတံဆိပ်ဆုနှင့် လွဲချော်ပြီး ငွေတံဆိပ်ဆု ဖြင့်သာ ကျေနပ်ခဲ့ရသည်။
မာတာသည် အမေရိကန်အသင်းနှင့် ဘရာဇီးအသင်းတို့ ကစားသည့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ဘရာဇီးအမျိုးသမီးအသင်း ကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပြီး ၎င်းသည် ဘရာဇီး အမျိုးသမီးအသင်း နှင့်အတူ ၂၀၀၃ ခုနှစ်ကတည်းက စတင်ပါ၀င်ကစားခဲ့ကာ အသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲစုံ ၁၂၅ ပွဲအထိ ပါ၀င်ကစားပြီး သွင်းဂိုး ၅၃ ဂိုး သွင်းယူနိုင်ခဲ့ သည်။
မာတာသည် ဘရာဇီးအမျိုးသမီး အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီးကစားသမားဆု အပါအဝင် တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုအများ အပြား ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသမီး ကစားသမားများတွင်လည်း အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။