မန်ယူအသင်းက စာချုပ်ပါ အချက်အလက်များအတိုင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

 

 

 

မန်ယူအသင်းက စာချုပ်ပါ အချက်အလက်များအတိုင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

 

မန်ချက်စတာ ဩဂုတ် ၁၂

      မန်ယူအသင်းက အဓိက ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို   ခေါ်ယူခဲ့စဉ်က  စာချုပ်ပါအချက် အလက်များအတိုင်း  တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဖာနန်ဒက်စ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလက စပို့တင်းလစ္စဘွန်း အသင်းမှ မန်ယူအသင်းသို့  ‌ပြောင်းရွှေ့ကစားခဲ့ပြီး  လက်ရှိ  ဖာနန်ဒက်စ်၏ စာချုပ်သက်တမ်းမှာ   ၂၀၂၆   ခုနှစ်   ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သည်။

မန်ယူအသင်းနှင့် ဖာနန်ဒက်စ်တို့ စာချုပ်ချုပ်ဆိုစဉ် ကတည်းက မန်ယူအသင်းအနေဖြင့် လက်ရှိစာချုပ် သက်တမ်းကုန်ဆုံးလျှင် နောက်ထပ်တစ်နှစ် စာချုပ် သက်တမ်းတိုးခွင့်ရှိမည့် အချက်ကို ထည့်သွင်းချုပ်ဆိုထားသည့်အတွက် မန်ယူအသင်းက စာချုပ်ပါအချက် အလက်များအတိုင်း နောက်ထပ်တစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ရာ ဖာနန်ဒက်စ်ကလည်း  သဘောတူညီခဲ့သည့်အတွက်  နောက်ထပ် တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ် သည်။

ဖာနန်ဒက်စ်သည်   မန်ယူအသင်းသို့  ပြောင်းရွှေ့ ကစားပြီးနောက်  အသင်းနှင့်အတူ  ဘောလုံးရာသီ တိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး  လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း    အကောင်းဆုံး ကွင်းလယ်ကစားသမားများမှ  တစ်ဦးအပါအဝင် အဖြစ်    ရပ်တည်လျက်ရှိကာ    မန်ယူအသင်းက လက်မလွှတ်လိုသည့် အတွက်   နောက်ထပ်တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒက်စ်သည်    ပြီးခဲ့သည့် ဘောလုံးရာသီက  လည်း မက်ဂွိုင်ယာထံမှ အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူနိုင်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သူဖြစ်သည်။

အစောပိုင်းက   မန်ယူအသင်းပူးတွဲပိုင်ရှင်  ရက် ကလစ်ဖ်က    လက်ရှိအပြောင်းအရွှေ့ ကာလတွင်  ခြေစွမ်းပြလျက်ရှိသည့်   လူငယ်ကစားသမားများမှ လွဲပြီး ကျန်ကစားသမားများကို ရောင်းချနိုင်သည်ဟု ပြောကြားခဲ့ပြီးနောက် မန်ယူအသင်းနှင့် ဖာနန်ဒက်စ် တို့အနာဂတ်မှာ မရေမရာဖြစ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်းက တစ်နှစ် သက်တမ်းတိုးစာချုပ်    ချုပ်ဆိုနိုင်ခဲ့ကြောင်း     သိရ သည်။

Dates: 
Tuesday, August 13, 2024 - 14:17