မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းနှင့် ဒဂုံစတားယူ-၂၀ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

 

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းနှင့် ဒဂုံစတားယူ-၂၀ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်  သြဂုတ်  ၁၂

      မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၁)ပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင်   ရန်ကုန်မြို့၌ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းနှင့်ဒဂုံစတားယူ-၂၀ အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး ဟံသာဝတီယူနိုက်တက်ယူ-၂၀အသင်းနှင့်    ISPE ယူ-၂၀ အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း    သိရသည်။

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၁)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌     ဒဂုံစတားယူ-၂၀ အသင်းနှင့် မဟာယူနိုက်တက်ယူ-၂၀ အသင်းတို့ကစားခဲ့ရာ ဒဂုံစတားယူ-၂၀ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံစတားယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၉ မိနစ်တွင်   ဖြိုးခန့်ငြိမ်းက သွင်းယူပေးနိုင်ခဲ့သည်။

ဆက်လက်ပြီး   ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  ဗဟန်းအားကစားကွင်း၌ ဟံသာဝတီယူနိုက်တက်ယူ-၂၀ အသင်းနှင့် ISPE ယူ-၂၀ အသင်းတို့ကစားခဲ့ရာ  တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး  ဟံသာ၀တီယူနိုက် တက်ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန်  ၄၅  မိနစ်တွင်  ခန့်ဇော်သိန်းနှင့် ISPE ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် သိန်းလွှာအောင်က သွင်းယူပေးနိုင်ခဲ့သည်။

ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌     ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းနှင့်    ရခိုင်ယူနိုက်တက်ယူ-၂၀  အသင်းတို့ကစားခဲ့ရာ  ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းက ၄ ဂိုး ဂိုးမရှိဖြင့်  ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်ယူ-၂၀အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃မိနစ်နှင့် မိနစ် ၅၀ တွင် ကောင်းခန့်ကျော်၊ ပွဲချိန် ၁၇ မိနစ်နှင့် ၂၂ မိနစ်တွင် စိုင်းဇေယျာကျော်တို့က သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၁)အဖြစ် ဩဂုတ်လ ၁၃ ရက်(ယနေ့)ညနေ ၃ နာရီခွဲတွင် ဗဟန်းအားကစားကွင်း၌   ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းနှင့် ရှမ်းယူနိုက်တက်ယူ-၂၀ အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း   သိရသည်။  

Dates: 
Tuesday, August 13, 2024 - 14:21