မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်၌ တခြားသော ဥရောပလိဂ်များကဲ့သို့ လူစားလဲကစားသမား ငါးဦးအသုံးပြုခွင့်ပေးရန် တောင်းဆိုထားသော်လည်း ဖူလ်ဟမ်ကို နှစ်ဂိုးပြတ်နိုင်သည့်ပွဲတွင် ပွဲပြီးသည်အထိ ကစားသမား တစ်ဦးမျှလူစားလဲခဲ့ခြင်း မရှိပေ။
COVID-19 ရောဂါအခြေအနေကြောင့် ကစားသမားများသည် သုံးရက် တစ်ပွဲနှုန်း ကစားနေရသဖြင့် လူစားလဲခွင့်ကို ငါးဦးပေးမှ ကစားသမားများ အပေါ် ကာကွယ်ရာရောက်မည်ဟုပြောထားသော ဂွါဒီယိုလာက နောက်ကစားရမယ့် မာဆေးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီနေ့မကစားရတဲ့သူတွေ ကစားခွင့်ရမှာပါ။ ဒီနေ့ပွဲမှာ ၁၁ ယောက်စလုံးကို မိနစ် ၉၀ အပြည့်ကစားခိုင်းခဲ့တယ် ဟုပြောသည်။
Ref:Dailymail