အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် အသက်ပြည့်သူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲ အထိ တောင်းယူနေကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် အသက်ပြည့်သူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲ အထိ တောင်းယူနေကြောင်း သတင်းအမှားများ  မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၁၃

        ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သပြေကျေးရွာအုပ်စုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း စစ်မှုထမ်းဆောင်ရန် အသက်ပြည့်မီသူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲအထိ အုပ်ချုပ်ရေးမှူးက တောင်းယူနေကြောင်းကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေနေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် အတွက် ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မည်သည့်အကြောင်းနှင့်မျှ ငွေကြေးတစ်စုံတစ်ရာကောက်ခံရန် ညွှန်ကြား ထားခြင်းမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း နိုင်သည့် ဖုန်းနံပါတ်များကိုလည်း ပြည်သူများသိရှိစေရန် ထုတ်ပြန်ထားရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Dates: 
Tuesday, August 13, 2024 - 15:41