အက်ဖ်အေဖလား တတိယအဆင့်မှစ၍ လူစားလဲခွင့် ငါးဦးအထိ ခွင့်ပြုမည်

တခြားဥရောပလိဂ်ကြီးများနှင့် ယူအီးအက်ဖ် အေပွဲစဉ်များတွင် COVID-19 ရောဂါအခြေအနေကြောင့် ကစားသမား ငါးဦးအထိ လူစားလဲခွင့်ပေးထားရာ အင်္ဂလန်တွင် ကစားသမား သုံးဦးသာ လူစားလဲခွင့်ပေးခြင်းအတွက် ဝေဖန် ထောက်ပြမှုများ များစွာ ရှိနေခဲ့ချိန်တွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်   အက်ဖ်အေပရော်ဖက် ရှင်နယ်ပွဲများဘုတ်အဖွဲ့က လာမည့်အက်ဖ်အေ ဖလားတတိယအဆင့်ပွဲများမှစ၍ ကစားသမား ငါးဦးအထိ လူစားလဲခွင့်ပေးမည်ဖြစ်ကြောင်း  ဒီဇင်ဘာ ၅ ရက်က မဲပေးဆုံးဖြတ်ပြီး အတည်ပြု ခဲ့သည်။

အင်္ဂလန်၌  ထိပ်သီးအသင်းခြောက်သင်းသည်   ကစားသမားငါးဦးအထိ  လူစားလဲခွင့် ပေးရန်တောင်းဆိုခဲ့ရာ  အသင်းငယ်များက လူအင်အားတောင့်တင်းသော အသင်းကြီးများ ပိုမိုအားသာနိုင်သည်ဟု ဆိုပြီး ကန့်ကွက်သဖြင့် ပရီးမီးယားလိဂ်၌  သုံးဦးသာလူစားလဲခွင့်ရ သည်ကို လီဗာပူးနည်းပြ ကလော့၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ထိပ်သီးအသင်း နည်းပြများက ဝေဖန်ခဲ့သည်။  သို့သော်  မဲခွဲရာတွင် ၁၁  သင်းက ငါးဦးလဲခွင့်ပြုရန် ထောက်ခံကာ ကိုးသင်းက ကန့်ကွက်သဖြင့်     လိုအပ်သော ထောက်ခံမဲ  ၁၄  မဲမရသောကြောင့်  လက်ရှိ ပရီးမီးယားလိဂ်ပွဲများ၌  သုံးဦးသာ လူစားလဲ ခွင့်ရနေခြင်း ဖြစ်သည်။             

Ref:BT