ဒီဇင်ဘာ ၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော စပိန်လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းသည် တန်းတက်အသင်းငယ် ကာဒစ်ဇ်ကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ ဘာစီလိုနာအသင်းသည် တန်းဆင်းဇုန်အထက် သုံးမှတ်အသာရပြီး အဆင့် (၇) နေရာသို့ ရောက်ရှိခဲ့သည်။
ထိုပွဲတွင် ကာဒစ်ဇ်အသင်းက ဦးဆောင်ဂိုးသွင်းပြီး ဘာစီလိုနာ အသင်းချေပဂိုးသည်လည်း ကာဒစ်ဇ်ဘက်မှ ကိုယ့်ဂိုး ကိုယ်သွင်းခြင်းကြောင့် ရခဲ့ခြင်းဖြစ်ကာ ကာဒစ်ဇ်အတွက် အနိုင်ဂိုးကို မန်စီးတီးတိုက်စစ်မှူးဟောင်း နီဂရီဒိုက သွင်းယူခဲ့ခြင်း ဖြစ်သည်။
အသင်းခြေစွမ်း ဆိုးရွားခဲ့ခြင်းနှင့် ပတ်သက်၍ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးလ်မန်းက အရှုံးကို ရှင်းပြဖို့ခက်တယ်။ ရှေ့မှာရလဒ်ကောင်းခဲ့တဲ့ ပွဲတွေရှိပေမယ့် ပထမပိုင်းကစားပုံ တော်တော်ဆိုးရွားခဲ့တယ်။ ဒုတိယပိုင်းမှာ ကစားပုံနည်းနည်း ပိုကောင်းလာပေမယ့် မှားလို့မရနိုင်တဲ့ အမှားမျိုး ကျူးလွန်ပြီး ဂိုးပေးလိုက်ရတဲ့အတွက် ရှုံးခဲ့ရတယ်။ ပေးလိုက်ရတဲ့ ဂိုးကတော့ အာရုံစူးစိုက်မှု အားနည်းတာကြောင့်ဖြစ်တယ်။ ခံစစ်မှူးတွေ သာမက ကျန်တဲ့ ကစားသမားတွေပါ အာရုံစိုက်မှု အားနည်းခဲ့ကြတယ် ဟုပြောသည်။
Ref:Marca