မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
နေပြည်တော် မေ ၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေ ၃ နာရီက တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်တွင် ဂျိုကူ(ခ)ခွန်သား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ အလားတူပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ အားမို၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၀၀၀ ကိုလည်းကောင်း၊ ဘိန်းဖြူ သုည ဒသမ ၀၆ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ မထက်ထက်ဖြိုးလင်း ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)