စနစ်ရဲ့အနစ်သာရ

စနစ်ရဲ့အနစ်သာရ

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

“မီးလောင်လို့ပြာကျတော့မယ်။ မီးသတ်ကားက မလာသေးဘူး”“သူတို့ကရေနဲ့ပက်တာမဟုတ်ဘူး။ ငွေနဲ့ပက်တာ။ မီးသတ်သမားကို ပိုက်ဆံအထုပ် လိုက်သာပေးလိုက် လောင်နေတဲ့မီး ဝုန်းခနဲ ငြိမ်းသွား လိမ့်မယ်” “ရေပိုက်ခေါင်း သေးသေးလေးနဲ့ပက်နေတာ ဘယ်လိုလုပ်မီးငြိမ်းပါ့မလဲ”ဒီအသံတွေက အရင်တုန်းက မကြာခဏ ကြားနေကြရတဲ့ အသံတွေ ဖြစ်ပါတယ်။ တစ်ခါတလေတော့လည်း မကြားတကြား ပြောကြတာဖြစ်သလို တစ်ခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာတင် ပြောတာ ခံနေကြရတာဖြစ်ပါတယ်။ မီးသတ်သမားဆိုရင် အကောင်းတစ်စက်မှ မမြင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လေ့လာသင်ကြားခဲ့တဲ့ သတင်းအတတ်ပညာရဲ့ အခြေခံထဲမှာ “ပုံကြီးချဲ့တယ်ဆိုတာ ပုံသေးရှိလို့ပဲ”ဆိုတာပါပါတယ်။ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ဓာတ်ပုံဆိုင်မှာ “ပုံသေးပုံဟောင်းမှ ပုံကြီးပုံကောင်းသို့”ဆိုပြီး တစ်ချိန်က ကြော်ငြာတာတွေ့ခဲ့ရဖူးပါတယ်။

စကားလုံးအတိအကျသာ မဟုတ်ပေမယ့် အဓိပ္ပာယ်က ပတ်စပို့ပုံသေးသေးလေးသာ ယူခဲ့ပါ အိမ်ဦးခန်းမှာ ချိတ်ဆွဲလို့ရအောင် ပုံအကြီးချဲ့ပေးတယ်ဆိုတာကို ကြော်ငြာတာဖြစ်ပါတယ်။ မီးသတ်နဲ့ ပတ်သက်တဲ့ တစ်ယောက်တလေ ဖောက်တဲ့သူရှိမှာပါပဲ။

သတင်းတွေကလည်း အဲဒီလိုဖြစ်မှာပါပဲ။ မတစ်ရာ သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်နေလေတော့ ယခုကော ရှိသေးလား။ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အရင်လို အသံတွေ မကြားရတော့ဘူး။ အခုခေတ်လို ဖေ့ဘွတ်လိုလူမှုမီဒီယာတွေ အားကောင်းတဲ့ ခေတ်မှာ မီးသတ်တပ်ဖွဲ့ ရဲ့ကောင်းသတင်းတွေ၊ ချီးကျူးသံ တွေပဲ အများဆုံး ကြားနေရပါတယ်။

မီးသတ်ဥဩသံ ကြားတာနဲ့တစ်ပြိုင်နက် မီးသတ်လူမှုကွန်ရက်စာမျက်နှာကို သွားကြည့်ကြတယ်။ နီးစပ်ရာ အချင်းချင်း ဝေမျှကြတယ်။ အရင်တုန်းက မကြားခဲ့ရဖူးတဲ့ “မီးသတ်တပ်ဖွဲ့ဝင်တွေ အန္တရာယ် ကင်းကင်းနဲ့ အမြန်ဆုံးငြှိမ်းသတ်နိုင်ပါစေ” ဆိုတဲ့ ဆုတောင်းမေတ္တာ ပို့သသံမျိုးတွေ စကားသံတွေ မီးသတ်တပ်ဖွဲ့ရဲ့ စာမျက်နှာမှာ မြင်လာရတယ်။ ကြားလာရတယ်။ အပြစ်တင်သံတွေရှိလာခဲ့ရင်တောင် အချင်းချင်းသတိပေးကြပြီး မီးသတ်တပ်ဖွဲ့ဘက်ကနေ ရပ်တည်ပေးကြတယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ဘာလေးပဲဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့ကို အားကိုးလာကြတယ်။ ပုံမှန်မဟုတ်တဲ့ မီးခိုးတွေတွေ့ရင်၊ လမ်းပေါ်မှာလေ့လာသင်ကြားခဲ့တဲ့ သတင်းအတတ်ပညာရဲ့ အခြေခံထဲမှာ “ပုံကြီးချဲ့တယ်ဆိုတာ ပုံသေးရှိလို့ပဲ” ဆိုတာပါပါတယ်။ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ဓာတ်ပုံဆိုင်မှာ “ပုံသေးပုံဟောင်းမှ ပုံကြီး ပုံကောင်းသို့”ဆိုပြီး တစ်ချိန်က ကြော်ငြာတာတွေ့ခဲ့ရဖူးပါတယ်။

စကားလုံး အတိအကျသာ မဟုတ်ပေမယ့် အဓိပ္ပာယ်က ပတ်စပို့ပုံသေးသေးလေးသာ ယူခဲ့ပါ အိမ်ဦးခန်းမှာ ချိတ်ဆွဲလို့ရအောင် ပုံအကြီးချဲ့ပေးတယ်ဆိုတာကို ကြော်ငြာတာဖြစ်ပါတယ်။ မီးသတ်နဲ့ ပတ်သက်တဲ့ တစ်ယောက်တလေ ဖောက်တဲ့သူရှိမှာပါပဲ။

သတင်းတွေကလည်း အဲဒီလိုဖြစ်မှာပါပဲ။ မတစ်ရာ သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်နေလေတော့ ယခုကော ရှိသေးလား။ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အရင်လို အသံတွေ မကြားရတော့ဘူး။ အခုခေတ်လို ဖေ့ဘွတ်လိုလူမှုမီဒီယာတွေ အားကောင်းတဲ့ ခေတ်မှာ မီးသတ်တပ်ဖွဲ့ ရဲ့ကောင်းသတင်းတွေ၊ ချီးကျူး သံတွေပဲ အများဆုံး ကြားနေရပါတယ်။

မီးသတ်ဥဩသံကြားတာနဲ့ တစ်ပြိုင်နက် မီးသတ် လူမှုကွန်ရက်စာမျက်နှာကို သွားကြည့်ကြတယ်။ နီးစပ်ရာအချင်းချင်း ဝေမျှကြတယ်။ အရင်တုန်းက မကြားခဲ့ရဖူးတဲ့ “မီးသတ်တပ်ဖွဲ့ဝင်တွေ အန္တရာယ် ကင်းကင်းနဲ့ အမြန်ဆုံးငြှိမ်းသတ်နိုင်ပါစေ” ဆိုတဲ့ ဆုတောင်းမေတ္တာပို့သသံမျိုးတွေ စကားသံတွေ မီးသတ်တပ်ဖွဲ့ရဲ့စာမျက်နှာမှာ မြင်လာရတယ်။ ကြားလာရတယ်။ အပြစ်တင်သံတွေရှိလာခဲ့ရင်တောင် အချင်းချင်းသတိပေးကြပြီး မီးသတ်တပ်ဖွဲ့ဘက်ကနေ ရပ်တည်ပေးကြတယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ဘာလေးပဲဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့ကို အားကိုးလာကြတယ်။ ပုံမှန်မဟုတ်တဲ့ မီးခိုးတွေတွေ့ရင်၊ လမ်းပေါ်မှာရှိနေပြီး နည်းပညာတွေ တိုးတက်လာတဲ့ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲ အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာတွေကိုပါ စနစ်အတွင်း ထည့်သွင်းစဉ်းစား တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ မီးသတ်စခန်းတွေ တည်ဆောက်တာကအစ ယခင်ကာလတွေက နေရာရမူ အပေါ်မူတည်ပြီး တည်ဆောက်ရတာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ မီးသတင်းရတာနဲ့ တစ်ပြိုင်နက် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း မီးသတ်တပ်ဖွဲ့တွေ ရောက်နိုင်တဲ့ အကွာအဝေးဖြစ်အောင် တည်ဆောက်လာ ခဲ့ကြတယ်။ အရင်က မီးတောက်ကြီးတွေကို ရေအားကောင်း ကောင်းနဲ့ ဖိပြီးမီးသတ်ရာကနေ အခုမီးတောက်တွေကြားမှာရှိတဲ့ မီးလောင်မှုကို အားပေးတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ဖြတ်တောက်နိုင်အောင် ရေကုန်သက်သာစေသော ရေမှုန်ရေမွှား မီးသတ် ပိုက်ခေါင်းဖြင့် မီးငြှိမ်းသတ်လာကြတယ်။ တစ်ဖက်ကလည်း မြို့ပြက ကြီးမားကျယ်ပြန့်လာပြီး အသက်မွေးဝမ်းကျောင်းရတဲ့ နယ်ပယ် ကျယ်ဝန်းလာတာနဲ့အမျှ မီးမတော်တဆမှုတွေရှိရင် ကိုယ့်အိမ် ကိုယ့်ရာနဲ့ နီးသလားဝေးသလားသိရအောင် အွန်လိုင်းနည်းပညာ သုံးပြီး အချိန်နဲ့တစ်ပြေးညီ အသိပေး နိုင်လာတယ်။ လူထုအနေနဲ့လည်း မီးမတော်တဆမှုတွေ့ရင် မီးသတ် ဌာနကို အကြောင်းကြားနိုင်အောင် နည်းလမ်းပေါင်းစုံ စီစဉ်ပေးထားတယ်။

မြန်မာနိုင်ငံအတွင်း ဘယ်မြို့ ဘယ်ရွာ ဘယ်နေရာ ရောက်ရောက် အဆောက်အအုံမြင်လိုက်တာနဲ့ ပြည်သူတွေကို အကူအညီပေးမယ့် မီးသတ်တပ်ဖွဲ့ ဆိုတာ မြင်ရုံနဲ့ သိနေစေရတယ်။ မီးသတ်တပ်ဖွဲ့စခန်း တိုင်းမှာ လူအသင့်၊ ယာဉ်အသင့်၊ ဆီအသင့်၊ ရေအသင့် ဆိုပြီးသင့်လေးသင့် အဆင်သင့်ဖြစ်နေ စေရတယ်။ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ် ဆိုတဲ့ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်တယ်။

အဲဒီအခြေခံစနစ်တွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့ တပ်ဖွဲ့ခေါင်းဆောင်အသီးသီး၊ အဆင့်အသီးသီးက နည်းပညာတိုးတက်မှုတွေကို အသုံးချပြီး ခေတ်စနစ်နဲ့ကိုက်ညီတဲ့ မီးသတ်နည်းစနစ်နဲ့ ပေါင်းစပ်အသုံးချ ဆောင်ရွက်ကြတဲ့အခါ စောစောကပြောတဲ့ မီးသတ်တပ်ဖွဲ့အပေါ် တစ်ချိန်လုံး အမြင်စောင်းနေတာတွေ ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာအောင် အချိန်တိုတိုနဲ့၊ လွယ်လွယ်နဲ့ ဖြစ်လာ တာတော့ မဟုတ်ပါဘူး။ ဆယ်စုတွေ တစ်ပိုင်း ကျော်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ အခြေအနေတွေ ဘယ်လိုပဲရှိနေပါစေ စနစ်တစ်ခုကိုအပျက်မခံဘဲ တည်ဆောက်ရတယ်ဆိုတာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ စနစ်ကိုပျက်စေတာကတော့ လူတွေပါပဲ။ အခြေအနေတစ်ခုအရ၊ အပြောင်းအလဲ တစ်ခုအရ ဦးစီးဦးဆောင်ပြုတဲ့သူတွေရဲ့စိတ်ဆန္ဒ၊ အတွေးအမြင်တွေက စနစ်ကို အပြောင်းအလဲဖြစ်စေ နိုင်ပါတယ်။

ထိုနည်းတူပဲ တပ်ဖွဲ့ဝင်တွေရဲ့အပြုအမူအနေ အထိုင်လုပ်ဆောင်မှုတွေကလည်း စနစ်ကိုပျက်စီး စေနိုင် ပါတယ်။ သို့သော်လည်း စနစ်ကိုတည်ဆောက် ရာမှာ ဆန်စဉ်ရာကျည်ပွေ့လိုက်ပုံစံမဟုတ်ရလေ အောင် စနစ်တကျနဲ့အချိန်ယူ တည်ဆောက်လာခဲ့တဲ့အတွက် စနစ်ကပဲ တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ထိန်း ကျောင်းသွားတဲ့အခါ မီးသတ်တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာသလို ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တွေ့မြင်လိုက်ရတဲ့ အပြောင်းအလဲတစ်ခုက တပ်ဖွဲ့ဝင် တွေရဲ့ စိတ်ဓာတ်ပါပဲ။ တစ်ချိန်ကဆိုရင် “မီးတောက် မီးလျှံကြီးဘယ်လောက်ကြီးမားပါစေ အသက် ကိုယ်ခန္ဓာ ဆုံးရှုံးနိုင်မည်ဟု သိပင်သိငြားသော်လည်း စွန့်လွှတ် စွန့်စား အသက်ကိုပင် ပဓာနမထား ဆိုသော စိတ်ဓာတ်ဖြင့် ငါတို့ ဒီလိုပေးဆပ်ထားရတာ”ဆိုပြီး ဝင့်ကြွားချင် တဲ့တပ်ဖွဲ့ဝင်တချို့ ရှိခဲ့ဖူး ပေမယ့် စနစ်ရဲ့ထိန်း ကျောင်းမှုအောက်မှာ အဲဒီလိုစိတ်ဓာတ်တွေ အလိုလိုပျောက်သွားတယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေက အရှိန်ညီးညီးလောင်နေတဲ့ မီးလျှံတွေရဲ့ကြားမှာ အသက်စွန့်ပြီး မီးငြှိမ်းသတ်ရတာ၊ အဲဒီအတွက်နဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာ ဂုဏ်ယူကြပါတယ်။

တချို့ဆို မီးလောင်ပေါက်ကွဲမှုတွေမှာ ပါသွားပြီးအရိုးအသားရှာမရတာတွေတောင်ရှိပေမယ့် ကျန်ခဲ့တဲ့ မိသားစုက ဆုံးရှုံးမှုကြီးမားစွာ ရင်ဆိုင်လိုက်ရပေမယ့် ဂုဏ်ယူကြပါတယ်။ ဒီလိုပေးဆပ်မှုတွေကို ထုတ်ဖော်ပြောပြစရာ မလိုတော့ဘဲ ပြည်သူတွေဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို စာနာနားလည် အားကိုးလာကြပါပြီ။

ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က မီးသတ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်နဲ့ အနှစ်သာရကို သဘောကျနှစ်သက်လို့ ဝင်ရောက်လိုတာထက် ပိုကဲတဲ့ အမှုထမ်းခဲ့ကြတာဆိုတော့ အတွေးအမြင်အယူအဆတွေကို စနစ်ရဲ့ထိန်းကျောင်းမှု အောက်မှာ အလိုလိုရောက်သွားစေခဲ့ခြင်း ကလည်း ပြည်သူနဲ့ ပိုမိုနီးကပ်သွားတာပဲဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လက်ဖက်ရည် ကိုယ်သောက်၊ မီးလောင်တယ် မီးသတ်ဥဩသံကြားတယ်ဆိုတာနဲ့ မင်္ဂလာ ဆောင်နေတဲ့သတို့သားလည်း မီးသတ်ဝတ်စုံလဲ၊ မိဘဖြစ်သူနာရေးမြေချဖို့ သရဏဂုံ တင်နေတာကနေ သားဖြစ်သူက မီးလောင်ရာကို ပြေးသွား၊ မီရာကားနဲ့ဖြစ်သလို လိုက်သူလိုက်၊ ခြေကျင်ပြေးသွားသူသွား၊ စက်ဘီးနဲ့လိုက်ပြီး မီးလည်းငြိမ်းရော စက်ဘီးကိုအစအနရှာမရတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်း မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ထဲမှာကိန်းအောင်းနေတဲ့ သန္ဓေစိတ်က အခုမှ ကောက်ကာငင်ကာ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ မီးသတ်တပ်ဖွဲ့ စတင်ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၈ နှစ်ကတည်းက ရှိနေခဲ့တာကိုသာ ကြည့်ပါလေ။ အဲဒီစိတ်ဓာတ်နဲ့လုပ်ရပ်တွေက ဘယ်တော့မှ တိမ်ကော သွားမှာမဟုတ်ပါဘူးဆိုတာ တင်ပြရင်း (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြု ရေးသားဖော်ပြလိုက်ရပါသည်။

မြင့်သူ