မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉ဝ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းနှင့် ယာယီနေရပ်စွန့်ခွာသူစစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉ဝ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းနှင့် ယာယီနေရပ်စွန့်ခွာသူစစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း (ငြိမ်း) က ဇန်နဝါရီ (၁၂) ရက်တွင် အသက် ၈၀ နှစ်နှင့် အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၄၇၈၁ ဦးအတွက် ငွေကျပ် ၂၃၉ ဒသမ ၀၅ သန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့တွင် အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀  နှုန်းဖြင့်လည်းကောင်း အသက် ၁၀၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) က တိုင်းဒေသကြီး၊ ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့အခမ်းအနားတွင် အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄၁၈ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၀ ဒသမ ၉ သန်း၊ အသက် ၁၀၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ၁ သန်း စုစုပေါင်း ၂၁ ဒသမ ၉ သန်း ထပ်မံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Dates: 
Friday, February 2, 2024 - 05:47