မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက YREO အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိ

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက YREO အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိ

 

ရန်ကုန်   ဩဂုတ်   ၁၄

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSCအားကစားကွင်း၌ ဧရာဝတီအသင်းနှင့် YREOအသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်းက ၆ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လက်ရွေးစင်ကစားသမား အများစုပါဝင်သည့် ဧရာဝတီအသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်၊ ၁၃ မိနစ်နှင့် ၁၅ မိနစ်တွင် စန်းသော်သော် ၊ ပွဲချိန် ၁၈ မိနစ်တွင် မေသင်္ကြန်မိုးတို့က ဧရာ၀တီအသင်း အတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ပထမပိုင်းအပြီးတွင် ဧရာ၀တီအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း ဧရာ၀တီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ကာ YREO အသင်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပွဲချိန် မိနစ် ၉၀ နှင့်  ၉၂ မိနစ်တို့တွင် စန်းသော်သော်က ဧရာ

၀တီအသင်းအတွက်   ဦးဆောင်ဂိုးများ ဆက်လက်  သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဧရာ၀တီအသင်းက YREOအသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီအသင်းမှ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည့် စန်းသော်သော်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Dates: 
Thursday, August 15, 2024 - 14:14