Public Investment Fund အဖွဲ့က ဗင်နီစီးယက်စ်ကို မြင့်မားသည့် လုပ်ခလစာအပြင် ခံစားခွင့် အများအပြားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

 

Public Investment Fund အဖွဲ့က ဗင်နီစီးယက်စ်ကို မြင့်မားသည့် လုပ်ခလစာအပြင် ခံစားခွင့် အများအပြားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

 

ရီယက်  ဩဂုတ်  ၁၄

    ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ထိပ်တန်းကလပ်အသင်းများ ဖြစ်သည့် အယ်နာဆာအသင်း၊ အယ်ဟီလယ် အသင်းနှင့်  အယ်အာလီအသင်းတို့ကို ပိုင်ဆိုင်ထားသည့် ‌Public Investment  Fund  အဖွဲ့အစည်းက ရီးယဲလ်မက်ဒရစ်အသင်းမှ   တိုက်စစ်ကစားသမား ဗင်နီစီးယက်စ်ကို မြင့်မားသည့် လုပ်ခလစာအပြင် ခံစားခွင့် အများအပြားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

 Public Investment Fund အဖွဲ့အစည်းသည် အယ်နာဆာအသင်း၊  အယ်ဟီလယ်အသင်းနှင့် အယ်အာလီအသင်းတို့ အတွက်    စီရော်နယ်ဒိုအပါ အဝင် ဥရောပမှ ထိပ်တန်းကစားသမား အများစုကို ခေါ်ယူခဲ့ပြီး အသင်းပုံရိပ်များကို မြှင့်တင်ခဲ့သကဲ့သို့ လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစား သမားဗင်နီစီးယက်စ်ကို ငါးနှစ်စာချုပ်အတွက် စတာလင်ပေါင် တစ်ဘီလီယံအပြင် ကမ်းလှမ်းမှုတစ်ရပ်အဖြစ်  အယ်နာဆာအသင်း၊ အယ်ဟီလယ်အသင်း နှင့်   အယ်အာလီအသင်းတို့မှ   စိတ်ကြိုက်အသင်း တစ်သင်းထံ  ပြောင်းရွှေ့ခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

‌Public Investment Fund အဖွဲ့အစည်းက ဗင်နီစီးယက်စ်ကို လုပ်ခလစာ တစ်ဘီလီယံအပြင် တခြား ခံစားခွင့်များအဖြစ်  အယ်နာဆာအသင်း၊  အယ် ဟီလယ်အသင်းနှင့်  အယ်အာလီအသင်းတို့နှင့် ၂ဝ၂၉  ခုနှစ်တွင်  သက်တမ်းကုန်ဆုံးပါက ဥရောပ ကလပ်အသင်း တစ်သင်းထံ ပြန်လည်ပြောင်းရွှေ့ခွင့်၊ ဆော်ဒီနိုင်ငံက    အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ၂ဝ၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  သံတမန်အဖြစ် ဆောင် ရွက်ခွင့်၊ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ပါကလည်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ရာထူးတစ်ခုခုဖြင့် တာ၀န်ထမ်းဆောင်ခွင့် စသည့်အချက်များဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိရီးယဲလ်မက်ဒရစ် အသင်းနှင့် ဗင်နီစီးယက်စ် တို့စာချုပ်သက်တမ်းမှာ ၂ဝ၂၉  ခုနှစ်အထိ ကျန်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးမှာလည်း    စတာလင်ပေါင် တစ်ဘီလီယံအထိ ရှိနေသော်လည်း  Public  Invest-ment  Fund အဖွဲ့အစည်းက ဗင်နီစီးယက်စ်အတွက် စာချုပ်ဖျက်သိမ်းကြေးကိုပါ ပေးချေပြီး  ကမ်းလှမ်းခဲ့သော်လည်း ဗင်နီစီးယက်စ်အပြင် ရီးယဲလ်မက်ဒရစ် အသင်းကလည်း ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

Dates: 
Thursday, August 15, 2024 - 14:26