အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း တတိယနေ့ ဆက်လက်ဆောင်ရွက်

 

အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း တတိယနေ့ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ မေ-၁၃

တပ်မတော်တွင် ဆဋ္ဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဖြစ်သူ ဦးဇော်လင်းထွန်း နှင့် ဇနီးဖြစ်သူ အသည်းအလှူရှင် ဒေါ်ခင်ဆွေဝင်း တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၃ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသ ခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့အသည်း အစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှု အားပေးခဲ့ကြသည်။     

ယခင်ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းအလှူရှင် ၂ ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက် ရှိကြောင်း သတင်းရရှိသည်။

Dates: 
Friday, August 16, 2024 - 04:40