နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် ဓာတုအဆိပ် သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံ ရေးသားဝါဒဖြန့်ဝေလျက်ရှိ

 

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် ဓာတုအဆိပ် သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံ ရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွား သည့်တိုက်ပွဲများတွင် တပ်မတော်မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် မေလ ၈ ရက်နေ့က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မူးမော်ခြင်း နှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် တပ်မတော် မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ထိခိုက်သေဆုံးမှု များပြားခဲ့သည့် ယခင်တိုက်ပွဲ များတွင်လည်း တပ်မတော်မှဓာတုအဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း လုပ်ကြံ ဝါဒဖြန့်ဝေလျက်ရှိပါသည်။

ယခုဖြစ်စဉ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိရောက်သော လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံးမှု များပြားလျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှ တစ်ဆင့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Dates: 
Friday, August 16, 2024 - 04:45