အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အများဆုံးအသုံးပြုထားသည့် အသင်းများတွင် ချယ်လ်ဆီးအသင်း ထိပ်ဆုံး၌ရပ်တည်
လန်ဒန် ဩဂုတ် ၁၅
အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက်တွင် ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုထားသည့် အသင်းများစာရင်းတွင် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်ဟောင်း အီဗရာမိုဗစ်ချ်နှင့် လက်ရှိအသင်းပိုင်ရှင် တော့ဘိုလီလက်ထက်၌ ပြောင်းရွှေ့ကြေး အသုံးစရိတ်အများအပြား အသုံးပြုကာ ကစားသမား အများအပြားခေါ်ယူပြီး လက်ရှိအချိန်တွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃ ဒသမ ၈၇ ဘီလီယံ အသုံးပြုထားကာ ပြောင်းရွှေ့ကြေးအများဆုံး အသင်းအဖြစ် ရပ်တည်နေသည်။
ချယ်လ်ဆီးအသင်းနောက်တွင် ပြောင်းရွှေ့ကြေး အများအပြား အသုံးပြုပြီး ထိပ်တန်းအသင်း တစ်သင်းဖြစ်အောင် တည်ဆောက်ခဲ့သည့် မန်စီးတီးအသင်းက စတာလင်ပေါင် ၂ ဒသမ ၈၇ ဘီလီယံဖြင့် အဆင့်(၂)နေရာ၌ ရပ်တည်နေသည်။
မန်စီးတီးအသင်းက စတာလင်ပေါင် ၂ ဒသမ ၈၇ ဘီလီယံဖြင့်အဆင့်(၂)၊ မန်ယူအသင်းက ၂ ဒသမ ၇၁ ဘီလီယံဖြင့် အဆင့်(၃)၊ လီဗာပူးအသင်းက ၂ ဒသမ ၁၅ ဘီလီယံဖြင့် အဆင့် (၄)၊ စပါးအသင်းက ၂ ဒသမ ၁၃ ဘီလီယံဖြင့် အဆင့် (၅)၊ အာဆင်နယ်အသင်းက ၂ ဒသမ ၀၁ ဘီလီယံဖြင့် အဆင့်(၆)၊ နယူးကာဆယ် အသင်းက ၁ ဒသမ ၅၄ ဘီလီယံဖြင့် အဆင့်(၇)၊ အက်စ်တွန်ဗီလာအသင်းက ၁ ဒသမ ၄၄ ဘီလီယံဖြင့် အဆင့်(၈)၊ ဝက်စ်ဟမ်းအသင်းက ၁ ဒသမ ၄၂ ဘီလီယံဖြင့် အဆင့်(၉)နှင့် အဲဗာတန်အသင်းက ၁ ဒသမ ၂၉ ဘီလီယံဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရသည်။