လာမည့်ဘောလုံးရာသီတွင် ဂီရိုနာအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိထားသော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်
စပိန်ကလပ် ဂီရိုနာအသင်းသည် လာမည့်ဘောလုံး ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိထားသော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်းတစ်ခု ကြောင့် ဝင်ခွင့်ရ၊ မရအတွက် ဥရောပဘောလုံး အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။
ဂီရိုနာအသင်းသည် ယခုဘောလုံးရာသီတွင် နည်းပြမီချယ်၏ဦးဆောင်မှုနှင့်အတူ ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင်ပင် အသင်းသမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်၏ ကလပ်ပြိုင်ပွဲ စည်းမျဉ်းအပိုဒ်(၇)ကြောင့် အခက်တွေ့ကြုံနေရခြင်း ဖြစ်သည်။
လက်ရှိ ဂီရိုနာအသင်းသည် မန်စီးတီးအသင်း ပိုင်ရှင်ဖြစ်သည့် City Football Group က ရှယ်ယာ ၄၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် အသင်းဖြစ်သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်၏ ကလပ်ပြိုင်ပွဲ စည်းမျဉ်း အပိုဒ်(၇)ဖြစ်သည့် အသင်းပိုင်ရှင်တူ ကလပ် အသင်းနှစ်သင်း ပြိုင်ပွဲတစ်ခုတည်းတွင် ပါဝင်ခွင့်ရရှိ နေပါက သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲများတွင် အဆင့် သတ်မှတ်ချက်အမြင့်ဆုံးအသင်းက ဝင်ခွင့်ရရှိမည် ဖြစ်သည့် စည်းမျဉ်းနှင့် ငြိစွန်းနေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ နှစ်ပွဲကစားရန် ကျန်ရှိနေသည့်အချိန်တွင် အဆင့်(၂)နေရာ၌ ရပ်တည်ရန်မှာ သေချာနေခဲ့ပြီး ချန်ပီယံဆုအတွက်ပင် နီးစပ်နေသောကြောင့် ဂီရိုနာ အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် မရေမရာ ဖြစ်နေခြင်းဖြစ်သည်။
သို့သော် ဂီရိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပိုင်း နှင့်ပတ်သက်ပြီး သီးသန့်ရပ်တည်နိုင်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ကလပ်ဘဏ္ဍာရေးထိန်းချုပ်မှု အစည်းအရုံး(င်္ဃဃြ)တွင် သက်သေပြနိုင်မည်ဆို ပါက ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Ref;The Athletic