၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ အတွက်ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်
၁။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေး လျှောက်ထားလိုသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာ ဦးစီးဌာန)မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
၂။ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်သို့ ပထမဦးစားပေး လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီး ဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသော တက္ကသိုလ်(၂၃)ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
၃။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများ အတွက်မူ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့် နေရာ(၈)ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်သည်-
(က) ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန (နေပြည်တော်)
(ခ) ဆေးတက္ကသိုလ်(၁) ရန်ကုန်
(ဂ) ဆေးတက္ကသိုလ်(၂) ရန်ကုန်
(ဃ) ဆေးတက္ကသိုလ်၊ မန္တလေး
(င) ဆေးတက္ကသိုလ်၊ မကွေး
(စ) ဆေးတက္ကသိုလ်၊ တောင်ကြီး
(ဆ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)
(ဇ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
၄။ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန် ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်မှ စက်တင်ဘာလ(၁၂)ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၁၆-၈-၂၀၂၄)