ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ကျင်းပ
ညောင်ဦး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနော်ရထာခန်းမ၌ ဩဂုတ်လ ၁၆ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝင်းနှင့် မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကား ပြောကြားသည်။
ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရာ ဘာသာရပ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား အကဲဖြတ်ဒိုင်အဖွဲ့က ရွေးချယ်ပေးကြသော မြို့နယ်ထူးချွန်ဆု ရရှိကြသူများအား ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ရဲမှူးသက်နိုင်ဦး၊ခေတ္တပညာရေးမှူး ဒေါ်တင်တင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်မောင်ခတို့က ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ကြောင်း သိရသည်။