အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဆည်)တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်စကားဝိုင်း ကျင်းပ

 

အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဆည်)တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်စကားဝိုင်း ကျင်းပ

 

ကျောက်ဆည် ဩဂုတ် ၁၆

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသ ကြီး  ကျောက်ဆည်ခရိုင်  ကျောက်ဆည် မြို့ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)  ဘက်စုံသုံးခန်းမ၌  ဩဂုတ်လ  ၁၅  ရက်က လူငယ်စကားဝိုင်း ကျင်းပသည်။

ရှေးဦးစွာ  အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ယခု ကဲ့သို့ လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း      အမှာစကားပြောကြားသည်။

ထို့နောက်  ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန    လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   လူငယ်စကားဝိုင်းကို ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်တင်တင်ထွေးက  ဦးဆောင်ဆွေးနွေး သူအဖြစ်  ဆောင်ရွက်ပြီး  အစိုးရစက်မှု လက်မှုသိပ္ပံ (ကျောက်ဆည်) မြို့ပြအင်ဂျင် နီယာသင်တန်းမှ မအိအိခန့်က ဉာဏဗလ ခေါင်းစဉ်ဖြင့် လည်းကောင်း၊     အီလက် ထရွန်နစ်အင်ဂျင်နီယာ   သင်တန်းမှ မောင်စည်သူမြင့်မြတ်က    စာရိတ္တဗလ ခေါင်းစဉ်ဖြင့် လည်းကောင်း၊    လျှပ်စစ် စွမ်းအားအင်ဂျင်နီယာ သင်တန်းမှ   မောင် နိုင်လင်းထွန်းက  ဘောဂဗလခေါင်းစဉ် ဖြင့်လည်းကောင်း၊စက်မှုအင်ဂျင်နီယာ သင်တန်းမှ မောင်ဘုန်းမောင်မောင်ကျော် က ကာယဗလခေါင်းစဉ်ဖြင့် လည်းကောင်း၊ သုတနည်းပညာ သင်တန်း မှ    မသက်မွန် ထွန်းအောင်က    မိတ္တဗလခေါင်းစဉ်ဖြင့် လည်းကောင်း    အသီးသီး ဆွေးနွေးခဲ့ကြ သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက   သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက  ပြန်လည် ဆွေးနွေးဖြေကြား ပေးခဲ့ကြသည်။    ထို့ နောက် တာဝန်ရှိသူများက ကျောက်ဆည် ခရိုင်    ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာမြေထိန်းသိမ်းခြင်း အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

Dates: 
Saturday, August 17, 2024 - 17:42