အမျိုးသမီးဆီးကျောက်တည်ခြင်းနှင့် နှလုံးရောဂါ

 

အမျိုးသမီးဆီးကျောက်တည်ခြင်းနှင့် နှလုံးရောဂါ

ကျောက်ကပ်မှာကျောက်တည်တဲ့  အမျိုးသမီးအများစုက နှလုံးရောဂါ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာတော့ ကျောက် ကပ်မှာကျောက်ရှိနေပေမယ့် နှလုံးရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သိသိသာသာထူးခြားမှုမတွေ့ရပါဘူး။ လေ့လာသူတွေက အမျိုးသားနဲ့အမျိုးသမီးတွေမှာဟော်မုန်းမတူညီမှုနဲ့ ကယ်လ်ဆီယမ်ဇီဝဖြစ်ပျက်မှု မတူညီတာတွေကြောင့်လို့ ဆိုပါတယ်။

ကျောက်ကပ်ကျောက်တည်တာနဲ့  နှလုံးရောဂါဖြစ်ပွားမှုဆက်စပ်မှုရှိတာကို အစားအစာနဲ့ ဆေးဝါး သောက်သုံးမှုတွေ ထည့်သွင်းစဉ်းစားမှုမပြုဘဲ လေ့လာ မှုပြုလုပ်ခဲ့တယ်လို့      လေ့လာမှုကိုဦးဆောင်ခဲ့တဲ့   အီတလီနိုင်ငံမှ     ဆီးနှင့်ကျောက်ကပ်ဆရာဝန်  ဒေါက်တာပီထရိုမင်နရယ်ဖနာလို (Dr.Pietro Man-uel  Ferraro) က ပြောကြားခဲ့တယ်။  လေ့လာမှုအရ ကျောက်ကပ်မှာကျောက်ရှိတဲ့ အမျိုးသမီးတွေက  ကျောက်ကပ်မှာကျောက်ရှိတဲ့   အမျိုးသားတွေထက် နှလုံးရောဂါ၊ နှလုံးတိုက်ခိုက်ခံရတာ၊ နှလုံးသွေးကြော ပိတ်တာတွေ  ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိရပါတယ်။

လေ့လာမှုအရအမျိုးသားတွေမှာ ကျောက်ကပ်မှာကျောက်ရှိပေမယ့်  နှလုံးရောဂါဖြစ်ပွားမှု  သိသိ သာသာမြင့်မားမှုမရှိတာကို တွေ့ရပါတယ်။

ဆီးကျောက်တည်မှုမဖြစ်အောင်   ဆီးကျောက် တည်စေနိုင်တဲ့အကြောင်းအရင်းတွေကို   သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်သင့်ပါတယ်။  ဆီးကျောက် အများစုက ကယ်လ်ဆီယမ်၊ ဖော့စဖိတ်၊ အောက်ဇာလိတ်ရဲ့ အစားအစာတွေကရရှိတဲ့      တချို့သတ္တုဓာတ်တွေကနေဖြစ်လာပါတယ်။ အဲဒီဓာတ်တွေကို ဆီးကတစ်ဆင့် စွန့်ပစ်ပါတယ်။ ဆီးထဲမှာ  အဲဒီသတ္တု ဓာတ်တွေ  အလွန်အမင်းများပြားနေရင် အနည်ထိုင် ပြီး ကျောက်ဖြစ်လာပါတယ်။ ဆီးထဲမှာ သတ္တုဓာတ်တွေ အနည်ထိုင်မှုမရှိအောင် တစ်ရက်ကို အနည်းဆုံး ရေဖန်ခွက် (၆-၈) ခွက်  ဒါမှမဟုတ် ရေသန့် (၂-၃)လီတာလောက် သောက်သင့်ပါတယ်။

အချိုရည်သောက်သုံးမှုကို   ရှောင်သင့်ပါတယ်။

လတ်တလောလေ့လာမှုအရ သကြားဓာတ်များတဲ့ အချိုရည်သောက်သူတွေက    မသောက်တဲ့သူတွေ ထက် ကျောက်ကပ်ကျောက်တည်နိုင်ခြေ ပိုများတယ် လို့ တွေ့ရှိရပါတယ်။ အချိုရည်မှာပါဝင်တဲ့ သကြား၊ ကယ်လ်ဆီယမ်၊  အောက်ဇာလိတ်၊  ယူရစ်အက်စစ်တွေက    ကျောက်ဖြစ်နိုင်တာကြောင့်   အချိုရည် သောက်ခြင်းကို ရှောင်သင့်ပါတယ်။

အစားအသောက်မှ  ကယ်လ်ဆီယမ်ဓာတ်ရယူ သင့်ပါတယ်။ ကယ်လ်ဆီယမ်ဆေးဝါးတွေ ဖြည့်စွက် သောက်သုံးတာက ကျောက်တည်နိုင်ခြေများစေပါ တယ်။   ဒါပေမဲ့   အစားအသောက်ကနေရရှိတဲ့

ကယ်လ်ဆီယမ်က အူလမ်းကြောင်းထဲမှာ အောက်ဇာလိတ်တွေနဲ့ ပေါင်းလိုက်တာကြောင့် ကျောက်ကပ် ထဲမရောက်အောင်လုပ်ဆောင်ပြီး     ဆီးကျောက်မတည်အောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိထားပါ တယ်။

ကော်ဖီတစ်ခွက်သောက်သင့်ပါတယ်။ တစ်ရက်ကိုကော်ဖီတစ်ခွက်သောက်သူတွေက  ကျောက်ကပ် မှာကျောက်တည်နိုင်ခြေ ၂၆ ရာခိုင်နှုန်းလျော့နည်းပြီး ကဖင်းမပါတဲ့ ကော်ဖီသောက်သူတွေက ၁၆ ရာခိုင်နှုန်း ခန့်၊  လက်ဖက်ရည်ကြမ်း သောက်သူတွေက  ၁၁ ရာခိုင်နှုန်း    ကာကွယ်နိုင်တာကို     အမေရိကန်ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ    ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အောက်ဇာလိတ်(oxalate)ပါဝင်တဲ့ အစာတွေ လျှော့စားသင့်ပါတယ်။  အောက်ဇာလိတ်က  ဆီး ကျောက်တည်စေတာကြောင့် ဒီသတ္တုဓာတ်များစွာပါဝင်တဲ့အစားအစာတွေကို     လျှော့စားသင့်ပါတယ်။ ဟင်းနုနယ်၊ ဆလတ်၊ ဘယ်ရီသီး၊ သကြား၊မုန်လာ၊    အစေ့အဆန်နဲ့    ချောကလက်တွေမှာ အောက်ဇာလိတ်များစွာ ပါဝင်တာကြောင့်   အလွန်အမင်းစားသုံးမှုကို ရှောင်ကြဉ်သင့်ပါတယ်။

ဇီဝဖြစ်ပျက်မှုကောင်းမွန်အောင် ပြုမူနေထိုင်သင့်ပါတယ်။ ဇီဝဖြစ်ပျက်မှုနှေးကွေးတာကြောင့် ဗိုက်ပူ တာ၊      သွေးတွင်းမကောင်းတဲ့အဆီတွေများတာ၊ ကောင်းတဲ့အဆီတွေနည်းသွားတာ၊ သွေးဖိအားမြင့် တက်တာ၊ သွေးတွင်းသကြားဓာတ်များတာတွေဖြစ် စေပြီး နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရွယ်မတိုင် မီသေဆုံးနိုင်ခြေ  ပိုမိုမြင့်မားပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက  ဇီဝဖြစ်ပျက်မှုကို  ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်ပါတယ်။ လူတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီကြာ အပြေး၊  ရွရွပြေး၊ လမ်းလျှောက်၊  စက်ဘီးစီး၊  ရေကူးပြုလုပ်သင့်ပါတယ်။ အထိုင်များတဲ့လူနေမှုစနစ်ကြောင့် ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့    အရေးကြီးလာပါတယ်။

ဖုန်းပြောတဲ့အခါ  လမ်းလျှောက်ပြီး စကားပြောတာ၊ စားပွဲခုံပေါ်မှာရေဘူးမထားဘဲ    ရေရှိတဲ့နေရာဆီ လမ်းလျှောက်သွားပြီး  ရေသောက်တာ၊   ကားကိုဝေးဝေးရပ်ထားပြီး    ရုံးကိုလမ်းလျှောက်သွားတာ၊    ရုံးခန်းကို ဓာတ်လှေကားနဲ့ မတက်ဘဲ         ရိုးရိုးလှေကားနဲ့   အတက်အဆင်းပြုလုပ်သင့်ပါတယ်။ ဒါ့ပြင်  ကိုယ်လက်လှုပ်ရှားမှု တစ်ရက်ကို နာရီဝက်လောက် ပြုလုပ်သင့်ပါတယ်။

ပုံမှန်ကိုယ်အလေးချိန်အချိုးအဆ   ဘီအမ်အိုင်(BMI-Body Mass Index)ပုံမှန်(၁၈.၉-၂၄.၉)အတွင်း ရှိသင့်ပါတယ်။  ဘီအမ်အိုင်ဆိုတာ   အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ(နှစ်ထပ်ကိန်း) နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။

ချွေးထွက်အောင်  လေ့ကျင့်ခန်းကို  နာရီဝက်မှ တစ်နာရီကြာပြုလုပ်တာက    အစာစားပြီးပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေးအဖြစ်စွန့်ထုတ်ပစ်လို့   အဆီ များခြင်း၊   အဝလွန်ခြင်း၊   ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊  သွေးတိုးရောဂါဖြစ်ပွားမှုမှ   ကင်းဝေးစေပါတယ်။

သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ  ပိုစားသင့်ပါတယ်။ အမျိုးသမီးတွေ  လစဉ်ဓမ္မတာပုံမှန်လာတာ ကြောင့် သွေးအားနည်းတတ်ပါတယ်။ အစားအစာမှာ သံဓာတ်ပါအောင်   အနီရောင်အသား၊   အသည်း၊  ဥအမျိုးမျိုး၊ ဟင်းနုနယ်၊  ဒန့်သလွန်၊  ကန်စွန်းရွက် တို့  စားသင့်ပါတယ်။  သံဓာတ်အားဆေးဖြည့်စွက် သောက်ပေးသင့်ပါတယ်။   သံဓာတ်လျော့နည်းရင်

သံဓာတ်အားနည်းရောဂါရရှိစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့  နို့တိုက်မိခင်တွေမှာ  သံဓာတ်နဲ့ဗီတာမင် အေဓာတ်   ပိုမိုလိုအပ်တာကြောင့်   ဗီတာမင်အေ အားဖြည့်ဆေးနဲ့ သံဓာတ်အားဆေး၊ ကိုယ်ဝန်ဆောင် အားဆေးတွေသောက်ခြင်းက    သွေးအားနည်းလို့ နှလုံးရောဂါဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ အစား အစာမှာ သံဓာတ်ပါအောင် စားသောက်သင့်ပါတယ်။ အာဟာရပြည့်ဝစွာစားသောက်တာက ဆီးကျောက် တည်ခြင်းကို လျော့နည်းစေမှာဖြစ်ပါတယ်။         ။

ဒေါက်တာလွင်သန့်