ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ်(၁)နှင့် ပြင်သစ်လီဂူးပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ်(၁)နှင့် ပြင်သစ်လီဂူးပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

 

ချယ်လ်ဆီး    ‌Vs     မန်စီးတီး

 

ကစားမည့်ရက်/အချိန်

(၁၈-၈-၂၀၂၄ ည ၁၀:၀၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မန်စီးတီး      ၁       -        ၁       ချယ်လ်ဆီး

          မန်စီးတီး      ၁       -        ၀       ချယ်လ်ဆီး

          မန်စီးတီး      ၄       -        ၂        ချယ်လ်ဆီး

နောက်ဆုံးကစားသည့်အနိုင်၊ အရှုံးရလဒ်

‌ချယ်လ်ဆီး   ဝေး(ရှုံး)       ဝေး(ရှုံး)       ဝေး(သရေ)

မန်စီးတီး      ဝေး(သရေ)   ဝေး(နိုင်)      ဝေး(သရေ)

ချယ်လ်ဆီးအသင်းက   နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားပြီး    ကစားသမားအများစုခေါ်ယူ အင်အားဖြည့်တင်းထားပေမယ့် ရာသီကြိုခြေစမ်း ပွဲစဉ်တွေမှာ  ရလဒ်မကောင်းခဲ့ဘဲ  ရုန်းကန်ခဲ့ရလို့ အခုပွဲစဉ်မှာလည်း ရုန်းကန်ရပါလိမ့်မယ်။ ချယ်လ်ဆီးအသင်းက     နည်းပြသစ်အဖြစ်    မာရက်စ်ကာကို ခန့်အပ်ထားတယ်ဆိုပေမယ့် နည်းပြသစ်ရဲ့ကစား ကွက်နဲ့  ကစားသမားတွေအံ့ဝင်ဖို့ အချိန်တစ်ခုထ ိစောင့်ကြည့်ရမှာဖြစ်လို့    ရာသီအစပိုင်းပွဲစဉ်တွေမှာ   ရုန်းကန်ရပါလိမ့်မယ်။   ချယ်လ်ဆီးအသင်းက

 ၂၀၂၁ ခုနှစ်က   ချန်ပီယံလိဂ်ပြိုင်ပွဲမှာ   မန်စီးတီး အသင်းကို   အနိုင်ရရှိပြီး    နောက်ပိုင်းပွဲစဉ်တွေမှာ တစ်ပွဲမှ   အနိုင်ရရှိခဲ့ခြင်းမရှိဘဲ  အမြင့်ဆုံးသ‌ရေ ရလဒ်သာရရှိထားပါတယ်။   လက်ရှိ    ချယ်လ်ဆီးအသင်း ခံစစ်ပိုင်းကလည်း လိုအပ်ချက်တွေများနေလို့   ဟာလန်းဦးဆောင်လာမယ့်    မန်စီးတီးအသင်းတိုက်စစ်ပိုင်းကို     ထိန်းချုပ်ဖို့      ခက်ခဲနေမှာပါ။

ချယ်လ်ဆီးအသင်းတိုက်စစ်ပိုင်းမှာလည်း   ဂိုးရဖို့အတွက်  ပယ်လ်မာတစ်ဦးတည်းကိုသာ အားထားနေရလို့ မန်စီးတီးအသင်းခံစစ်ပိုင်းကို ထိုးဖောက်ဖို့ လိုအပ်ချက်တွေရှိနေမှာပါ။

မန်စီးတီးအသင်းကတော့     အဖွင့်ပွဲစဉ်ဖြစ်လို့ အမှားခံမှာမဟုတ်ပါဘူး။     မန်စီးတီးအသင်းက အပြောင်းအရွှေ့ ကာလမှာ  ကစားသမားခေါ်ယူမှု လုပ်ဆောင်မထားဘူးဆိုပေမယ့်    လက်ရှိကစားသမားစုဖွဲ့မှုပိုင်းမှာ ချယ်လ်ဆီးအသင်းကိုအနိုင်ရယူ နိုင်တဲ့ စုဖွဲ့မှုရှိနေပါတယ်။ မန်စီးတီးအသင်းတိုက်စစ် ပိုင်းမှာလည်း ဟာလန်း၊ ဖိုဒန်နဲ့ ဒိုကူတို့စွမ်းဆောင် ရည်ပိုင်းက အကောင်းဆုံးပုံစံမှာရှိနေလို့ လိုအပ်ချက် တွေများနေတဲ့     ချယ်လ်ဆီး အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။  မန်စီးတီးအသင်းက  နောက်ပိုင်းနှစ်တွေမှာ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံတိုင်း  ရလဒ်ကောင်းလေ့ရှိလို့ အခုပွဲစဉ်မှာလည်း အဝေးကွင်းဆိုပေမယ့် ခြေစွမ်းပိုင်းအသာနဲ့ ကစားနိုင်မှာပါ။ မန်စီးတီးအသင်းမှာ တိုက်စစ်ကစားသမားတွေအပြင်      ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့လို   ကွင်းလယ်ကစားသမားတွေကပါ  ဂိုးသွင်းနိုင်စွမ်းရှိလို့    ချယ်လ်ဆီး အသင်းခံစစ်‌ပိုင်းအနေနဲ့ ပွဲချိန်ပြည့်ထိန်းချုပ်ဖို့  ခက်ခဲမှာပါ။

ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာလည်း  မန်စီးတီး အသင်းက ၂၄ ကြိမ်အနိုင်ရရှိထားပြီး ချယ်လ်ဆီးအသင်းကတော့  ၁၂   ကြိမ်  ပြန်လည်အနိုင်ရရှိထားသလို  နောက်ဆုံးတွေ့ဆုံခဲ့တဲ့    ၁၀ ကြိမ်မှာလည်း မန်စီးတီးအသင်းက  တစ်ကြိမ်မှမရှုံးနိမ့်ခဲ့လို့  အခုပွဲစဉ်မှာ မန်စီးတီးအသင်းပဲ အနိုင်ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ချယ်လ်ဆီး    ၁ -   ၃     မန်စီးတီး

      မာယော့ကာ    Vs   ရီးယဲလ်မက်ဒရစ်

 

ကစားမည့်ရက်/အချိန်

(၁၉-၈-၂၀၂၄ နံနက် ၂:၀၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မာယော့ကာ ၁       -        ၀       ရီးယဲလ်မက်ဒရစ်

          ရီးယဲလ်မက်ဒရစ်    ၁       -        ၀       မာယော့ကာ

          မာယော့ကာ ၀       -        ၁       ရီးယဲလ်မက်ဒရစ်

နောက်ဆုံးကစားသည့်အနိုင်၊ အရှုံးရလဒ်

မာယော့ကာ ဝေး(နိုင်)      ဝေး(နိုင်)      အိမ်(သရေ)

ရီးယဲလ်မက်ဒရစ်    ဝေး(ရှုံး)       ‌ဝေး(နိုင်)      ဝေး(နိုင်)

မာယော့ကာအသင်းအတွက်    အဖွင့်ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို    အိမ်ကွင်းမှာ လက်ခံကစားရတာ ကံဆိုးမှုတစ်ရပ်ပါ။   လက်ရှိကစားသမားစုဖွဲ့မှုပိုင်းနဲ့   ခြေစွမ်းပိုင်းအရ  မာယော့ကာအသင်းအတွက် ရင်ဆိုင်ဖို့ခက်ခဲမှာပါ။ မာယော့ကာအသင်းက  ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံတိုင်း    အခက်တွေ့အောင် ကစားနိုင်တယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာတော့ သရေရလဒ်တောင် မျှော်လင့်ဖို့ခက်ခဲနေပါတယ်။ အမ်ဘတ်ပီ၊ ဗင်နီစီးယက်စ်နဲ့  ရိုဒရီဂိုတို့လို မြန်နှုန်းမြင့် ထိပ်တန်းတိုက်စစ်ကစားသမားတွေကို    မာယော့ကာ အသင်းခံစစ်ပိုင်းက ထိန်းချုပ်ကစားနိုင်ဖို့ဆိုတာ    မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ မာယော့ကာ အသင်းအတွက်  အခုပွဲစဉ်မှာ   ဂိုးပြတ်မရှုံးနိမ့်အောင်သာ အာရုံစိုက်ကစားဖို့ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် အသင်းကတော့       အသင်းတိုက်စစ်ပိုင်းမှာ  အမ်ဘတ်ပီလို  ထိပ်တန်းကစား သမားတစ်ဦး ဖြည့်တင်းနိုင်ခဲ့လို့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်း    တိုက်စစ်အတွဲဖြစ်တဲ့ အမ်ဘတ်ပီ၊ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ တိုက်စစ်အတွဲကို   ထိန်းချုပ်နိုင်ဖို့  မာ‌ယော့ကာအသင်းခက်ခဲမှာပါ။ ရီးယဲလ်မက်ဒရစ်အသင်းက   မာယော့ကာအသင်းနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တွေမှာ အသင်းတိုက်စစ်ပိုင်းကို ဂိုးရဖို့ရုန်းကန်ခဲ့ရတယ် ဆိုပေမယ့် လက်ရှိကစားသမားစု ဖွဲ့မှုပိုင်းနဲ့ ဆိုရင်တော့    မာယော့ကာ အသင်းကို ဂိုးသွင်းယူနိုင်ဖို့  ခက်ခဲမှာမဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ် အသင်းက ရာသီအစပိုင်းပွဲစဉ်တွေမှာ အမြဲရလဒ်ကောင်းလေ့ရှိလို့ အခုပွဲစဉ်မှာလည်း မာယော့ကာအသင်းကို အနိုင်ရရှိပြီး    ရာသီအဖွင့်ပွဲစဉ်တွေမှာ      ရလဒ်ကောင်းလေ့ရှိတဲ့   မှတ်တမ်းကောင်းကို ထိန်းထားနိုင်မှာပါ။

ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာတော့ ရီးယဲလ်မက် ဒရစ်အသင်းက ၁၁ ကြိမ်အနိုင်ရရှိထားပြီး မာယော့ ကာအသင်းကတော့   နှစ်ကြိမ်သာ ပြန်လည်အနိုင်ရရှိခဲ့ကာ  တစ်ကြိမ်သရေရလဒ်   ရရှိထားပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက တွေ့ဆုံမှုတိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာ   အသာစီးမှာရှိနေလို့   ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့အနိုင်ရလဒ်က  သေချာနေပြီး ဂိုးပြတ်၊ မပြတ်ကိုသာ စောင့်ကြည့်ရမှာပါ။

ခန့်မှန်းရလဒ် မာယော့ကာ ၀ - ၂ ရီးယဲလ်မက်ဒရစ်

          ရင်းနက်စ်     ‌    Vs  လိုင်ယွန်

 

ကစားမည့်ရက်/အချိန်

(၁၉-၈-၂၀၂၄ နံနက် ၁:၁၅ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          လိုင်ယွန်       ၃       -        ၁       ရင်းနက်စ်

          ရင်းနက်စ်     ၀       -        ၁       လိုင်ယွန်

          လိုင်ယွန်       ၃       -        ၂        ရင်းနက်စ်

နောက်ဆုံးကစားသည့်အနိုင်၊ အရှုံးရလဒ်

ရင်းနက်စ်     အိမ်(သရေ)  အိမ်(နိုင်)      အိမ်(နိုင်)

လိုင်ယွန်       အိမ်(သရေ)  ဝေး(နိုင်)      ဝေး(ရှုံး)

အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံတည်ငြိမ်မှုရှိတဲ့ ရင်းနက်စ်အသင်းက အခုအိမ်ကွင်းပွဲစဉ်မှာ လည်း လိုင်ယွန်အသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ ရင်းနက်စ်အသင်းက  ရာသီကြို ခြေစမ်းပွဲစဉ် တွေမှာလည်း ရလဒ်ကောင်းတွေရရှိခဲ့ပြီး  စပိန်ကလပ် ဆိုစီဒက်စ်အသင်းကိုတောင် အနိုင် ရရှိခဲ့ပါတယ်။ လက်ရှိ ရင်းနက်စ်အသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက အကောင်းဆုံးပုံစံမှာရှိနေလို့ လိုင်ယွန်အသင်းကို     ဖိအားပေးကစားနိုင်မှာပါ။ ရင်းနက်စ်အသင်းက  အိမ်ကွင်းဆိုရင် အသင်းတိုက်စစ်ပိုင်းကလည်း   ထက်မြက်မှုရှိတဲ့အသင်းဖြစ်လို့ လိုင်ယွန်အသင်းခံစစ်ပိုင်းကို   အခက်တွေ့အောင်  ကစားနိုင်မှာပါ။

လိုင်ယွန်အသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း  ရုန်းကန်ခဲ့ရပြီး ရာသီပြီးဆုံးခါနီးမှ ပုံစံ ကောင်းပြန်လည်ပြသနိုင်ခဲ့ပါတယ်။ လိုင်ယွန်အသင်းက  ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ရလဒ်ပိုင်း မတည်မငြိမ်နဲ့ရုန်းကန်ခဲ့ရပြီး     လက်ရှိ  လိုင်ယွန် အသင်းခံစစ်ပိုင်းက       အမှားအယွင်းများနေလို့ ရင်းနက်စ်အသင်းတိုက်စစ်ပိုင်းကို   ထိန်းချုပ်ဖို့ကတော့ အခက်တွေ့နေမှာပါ။  လိုင်ယွန်အသင်းက ရင်းနက်စ်အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရတိုင်း ရုန်းကန်ရလေ့ရှိပြီး ရင်းနက်စ်အသင်းအိမ်ကွင်း မှာ နောက်ဆုံးကစားတဲ့ ငါးပွဲမှာ တစ်ပွဲသာအနိုင် ရရှိပြီး  သုံးပွဲရှုံးနိမ့်ခဲ့ကာ  တစ်ပွဲသရေရလဒ်ထွက် ပေါ်ခဲ့လို့ ရင်းနက်စ်အသင်းအိမ်ကွင်းဆိုရင် ရလဒ် မကောင်းတတ်တာကို သတိထားရမှာပါ။   လိုင်ယွန်အသင်း တိုက်စစ်ပိုင်းကလည်း ရင်းနက်စ်အသင်းအိမ်ကွင်းမှာ    သွားရောက်ကစားရတိုင်း   သွင်းဂိုးရရှိဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။

 ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာတော့ ကွာခြားမှုမရှိ ဘဲ  ရင်းနက်စ်အသင်းက ၁၁ ကြိမ်အနိုင်ရရှိခဲ့ကာ လိုင်ယွန်အသင်းက ၁၀ ကြိမ်ပြန်လည်အနိုင်ရရှိထား ပြီး  ခုနစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဒါကြောင့် နှစ်သင်းကြားကွာခြားမှုမရှိလို့ အိမ်ကွင်း ဆိုရင် အသင်းလိုက်ကစားပုံကောင်းမွန်တဲ့ ရင်းနက်စ် အသင်းကိုပဲ အားပေးရမှာပါ။

ခန့်မှန်းရလဒ် ရင်းနက်စ်       ၁   -  ၀    လိုင်ယွန်

 

ပရီးမီးယားလိဂ်ပွဲစဉ်(၁)

 

          ဘရန့်ဖို့ဒ်      -        ခရစ္စတယ်ပဲလေ့စ်

စပိန်လာလီဂါပွဲစဉ်(၁)

 

          ဆိုစီဒက်စ်    -        ဗယ်လ်ကာနို

ပြင်သစ်လီဂူးပွဲစဉ်(၁)

 

           အော်ဇေးလ် -        နိုက်စ်

          အန်ဂါ -        လန်း

          မောင့်ပယ်လီယာ    -        စထရာဘော့

          တူးလော့စ်    -        နန့်တက်

 

 

စည်သူအောင်

Dates: 
Sunday, August 18, 2024 - 08:08