၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ  ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ အမျိုးသားပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်၊ အမျ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ  ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

အမျိုးသားပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်၊ အမျိုးသမီးပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်

နေပြည်တော်  ဩဂုတ်  ၁၇

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသားကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက    မကွေးတိုင်းဒေသကြီးအသင်းကို  ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၈ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ် တွင်   စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၇ ဂိုး  ၆ ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဩဂုတ်လ ၁၈ ရက် (ယနေ့)   နံနက် ၈ နာရီမှစတင်၍     ဖူဆယ်အားကစားရုံ၌အမျိုးသမီး ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ အမျိုးသားဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်   ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍  ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့်   မည်သူမဆို    အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)

Dates: 
Sunday, August 18, 2024 - 08:31