ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နေပြည်တော်၊ မေ - ၁၄

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) ကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

                ဆက်လက်၍  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)တွင် ပါဝင်တက်ရောက် ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ အသီးသီးတွင် သင်တန်း ဖွင့်ပွဲများပြုလုပ်ကြသည်။

                အဆိုပါ သင်တန်းဖွင့်ပွဲများကို သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲများသို့ တက်ရောက် အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ် ဆက်ကြသည်။

                သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက်ကြမည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

                ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသားများအနေဖြင့် နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည်ဖြစ်ပြီး ထိုသို့ တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားများ ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိ ရပါတယ် ----

နိုင်ငံသားတစ်ယောက်အနေနဲ့ပြည်သူစစ်မူထမ်းဥပဒေက မဖြစ်မနေ တာဝန်ထမ်း ဆောင်ရမယ်လို့တော့ယုံကြည်ပါတယ်၊ဒီလိုမျိုးဥပဒေချမှတ်တယ်ဆိုတာကလည်း နိုင်ငံ တော်အကျိုးပြုရေးအတွက်ပြည်သူပြည်သားများအားလုံး ကောင်းစားရေး အတွက် လုပ် တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ဥပဒေကာဆိုရင်လည်းအရင်ကတဲ့က ရေးဆွဲထား ခြင်းဖြစ်ပြီး ဒီဥပဒေက အခုမှအသက်သွင်းတာဖြစ်ပါတယ်၊သင်တန်းဆင်းသွားရင်လည်း ကျွန်တော်တို့ ပေးအပ်တဲ့တာဝန်ကို အပြည့်အဝထမ်းဆောင်ပြီး ပြည်သူပြည်သား အားလုံးကိုလည်းလုံခြုံမူရှိစေရန် ကျွန်တော်တို့ တာဝန်ယူပါမယ်လို့ သစွာဆိုထား ပါ တယ်။

ပြည်သူစစ်မူထမ်းအမှတ်စဉ် ၂ကို တက်ရောက်ဖြစ်တာကတော့ ကျွန်တော်စီတ် သဘောဆန္ဒအရတက်ရောက်ဖြစ်တာပါ၊စစ်ပညာတွေကိုလည်းသင်ယူချင်လို့ပါ၊အမှတ်စဉ်(၁)ကသူငယ်ချင်းတွေကိုလည်းအားကျလို့လာတက်တာပါ၊နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာကဏ္ဍနေအကောင်းဆုံးကြိုးစားသွားမှာပါ။

Dates: 
Monday, August 19, 2024 - 03:29