ရေကြောင်းလူငယ်မှ သင်တန်းသားများ သန်လျင်တပ်နယ်နှင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးခရီး သွားရောက်၊ လေကြောင်းလူငယ် သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါပျံသန်း၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၄ မေ ၁၄ ရက်
တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူ များနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူး နှင့်တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျ ကျော်ထင်ခန်းမတွင် တပ်မတော်(ရေ) Documentary အားပြသခဲ့ပြီး၊ ရေကြောင်း ပြခန်းနှင့် ဥတ္တရဆောင်ရှိ စာသင် ခန်းတို့အားလေ့လာခြင်း၊ Torpedo Trainer နှင့် ရေတပ်အမြောက်များ လေ့လာ ခြင်း၊ Welding Simulator ၊ Electrical Trainer နှင့် Cutaway Model များအား လေ့လာခြင်း၊ Damage Control Simulator-Zarmani အားလေ့လာခြင်း၊ Ship Handling Simulator နှင့် Engine Room Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု)တို့အား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများ၊လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ပြုပြင်ရေးဆောင် ရွက်နေ မှုများ၊ Ship Lift System ဖြင့်ရေယာဉ်များ လွန်းတင်လွန်းချသည့် စနစ် များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ယင်းနောက် နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လေ့လာရေးသွားရောက်ကြသည်။ လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင် တန်းသူများသည် စစ်ရေယာဉ်၏ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက် နှင့်လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် အခြားသိ သင့်သိထိုက်သည်များအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် သင်တန်းစခန်း ၈ ခုမှ ထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများသည် Grob-120 TP လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များအား လေယာဉ်မောင်းသင် ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ လက်တွေ့လိုက်ပါ ပျံသန်းခြင်းကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် အဆိုပါသင်တန်းစခန်း ၈ ခုမှ သင်တန်းသား၊ သင်တန်းသူများသည် RC လေယာဉ်/ရဟတ်ယာဉ်မောင်း ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသားများ၊ အုပ်ချုပ်သူနည်းပြများ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ယှဉ်ပြိုင်နေမှုများကို အားပေးကြည့်ရှုခဲ့ကြသည်။
အလားတူ ကျန်သင်တန်းစခန်း ၉ ခုမှ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြ/ အုပ်ချုပ်သူများသည် လေ့လာရေးခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြေပြင်အတတ်သင်လေတပ်စခန်း ဌာနချုပ်ရှိ စက်မှုလက်မှုအတတ်သင်ကျောင်းတို့အား လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ လေယာဉ်မောင်းသင်ကျောင်းနှင့် Aeromedical Centre တို့အား လည်းကောင်း အသီးသီးလေ့လာခဲ့ကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။