မန္တ‌လေးတိုင်းဒေသကြီးအတွင်း နေကြာဧက ၆၀၀၀၀ စိုက်ပျိုးရန်လျာထား

 

မန္တ‌လေးတိုင်းဒေသကြီးအတွင်း နေကြာဧက ၆၀၀၀၀ စိုက်ပျိုးရန်လျာထား

 

မန္တလေး  သြဂုတ်  ၁၈

    မန္တ‌လေးတိုင်းဒေသကြီး    သမဝါယမ ဦးစီးဌာနမှကြီးမှူး၍ ယခုဘဏ္ဍာနှစ်တွင်   မန္တ‌လေးတိုင်း ဒေသကြီးအတွင်း နေကြာ ဧက ၆၀၀၀၀ စိုက်ပျိုးရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် တောင်သူများ လိုအပ်သည့် သွင်းအားစုများကို အချိန်မီ ပံ့ပိုးပေးနိုင်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအပြင်  မန္တ‌လေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် ရန်ပုံငွေနှင့် သက်ဆိုင်ရာ မြို့နယ် သမဝါယမအသင်းပိုင် ရန်ပုံငွေတို့ဖြင့် စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

“ဒီဘဏ္ဍာနှစ်မှာ မန္တ‌လေးတိုင်း ဒေသကြီးအတွင်း သမဝါယမကဏ္ဍအနေနဲ့ နေကြာဧက ၆၀၀၀၀ လျာထားစိုက်ပျိုးနိုင်ဖို့  နေကြာစိုက်တဲ့ သက်ဆိုင်ရာမြို့နယ် အသီးသီးမှာ  သမဝါယမဦးစီးဌာနကနေ လျာထားဧက ပြည့်မီရေးအတွက် ဆောင်ရွက်နေပါတယ်။ တောင်သူတွေကို သွင်းအားစုတွေ အချိန်မီပံ့ပိုးပေးမှာဖြစ်ပြီး လိုအပ်တဲ့ ရန်ပုံငွေတွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအပြင်သမဝါယမ အသင်းပိုင်ရန်ပုံငွေတွေနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”  ဟု  မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးထွန်းဇော်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ရှိ တောင်သူများအား သမဝါယမကဏ္ဍမှ သွင်းအားစုများ  ပံ့ပိုးပေးရာတွင်  ယခင်က တောင်သူများကို သွင်းအားစုများ ၀ယ်ယူသုံးစွဲနိုင်ရန် ချေးငွေများ ထုတ်ချေးပေးခဲ့သော်လည်း  ယခုအခါ သွင်းအားစုများကို  တိုက်ရိုက်ပံ့ပိုး ပေးအပ်ကြောင်း  သိရသည်။                                  

Dates: 
Monday, August 19, 2024 - 10:05