မင်္ဂလာတောင်ညွန့်ကြက်ဘဲစျေးသို့ သြဂုတ်လအတွင်း နေ့စဉ် ကြက်ပိဿာချိန် ခုနစ်သောင်းကျော် ဝင်ရောက်

 

မင်္ဂလာတောင်ညွန့်ကြက်ဘဲစျေးသို့ သြဂုတ်လအတွင်း နေ့စဉ် ကြက်ပိဿာချိန် ခုနစ်သောင်းကျော် ဝင်ရောက်

 

ရန်ကုန်   သြဂုတ်   ၁၈

    ရန်ကုန်မြို့ရှိ     မင်္ဂလာတောင်ညွန့် ကြက်ဘဲစျေးသို့  သြဂုတ်လအတွင်း နေ့စဉ်  ကြက်ပိဿာချိန်  ခုနစ်သောင်းကျော် ဝင်‌‌ရောက်နေပြီး အသားတိုးကြက်များ  အများဆုံးဝင်ရောက်ကြောင်း  မင်္ဂလာတောင်ညွန့်      ကြက်ဘဲစျေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးကို နေ့စဉ်    ကြက်ပိဿာချိန်   ခုနစ်သောင်းကျော် ဝင်ရောက်ပါတယ်။ လက်ရှိကြက်သားဈေးကောင်း ရနေတဲ့အတွက် ကြက်မွေးမြူသူတွေ အဆင်ပြေပါတယ်။ အသားတိုးကြက်ကတော့    အများဆုံး ဝင်ရောက်ပါတယ်"  ဟု     ၎င်းကပြောသည်။

မင်္ဂလာတောင်ညွန့် ကြက်ဘဲစျေးသို့ နေ့စဉ်   ကြက်ပိဿာချိန် ခုနစ်သောင်းကျော် ဝင်ရောက်ပြီး အသားတိုးကြက်မှာ ပိဿာချိန် ငါးသောင်းကျော်ဖြင့် အများဆုံးဝင်ရောက်လေ့ရှိကာ  တခြားကြက်များလည်း ဝင်ရောက်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်  ကြက်ဘဲဈေးသို့ ယခုလဆန်းပိုင်းတွင် အသားတိုးကြက်၊   ဆီမီးကြက်၊ ဥတုံးကြက် (ခေါ်)  ကြက်နီမနှင့် တိုင်းရင်းကြက် (ခေါ်)  ဗမာကြက်များ     ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်၊ ဘဲများဝင်ရောက်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်တချို့သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

Dates: 
Monday, August 19, 2024 - 10:09