(၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

 

(၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

 

မအူပင်    ဩဂုတ်   ၁၈

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မအူပင်မြို့ တိုးရွှေဝါ ခန်းမရှေ့၌ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး အခြေခံပညာအဆင့် (၁၀-၁၅)နှစ်မှ မရွှန်းလဲ့မေက  “နှလုံးသားကိုအလှဆင်ပါမယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အဆင့်မြင့်ပညာမှ မောင်လှထွန်းခိုင်ဦးက အကဖြင့် ကပြဖျော်ဖြေသည်။

အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊  ဓနုဖြူမြို့နယ်တို့မှ ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ပြိုင်ပွဲကို ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, August 19, 2024 - 10:25