ONE Friday Fight-76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာငါးဦး တွဲဆိုင်းများ ပါဝင်မည်
ရန်ကုန် ဩဂုတ် ၁၈
ဩဂုတ်လ ၂၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် ONE Friday Fight-76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ငါးဦး၏ တွဲဆိုင်းများ ပါဝင်လာမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာများ ဖြစ်သည့် သန့်ဇင်၊ သွေးလင်းထက်၊ အဲမွီ၊ထွန်းမင်းနိုင်(ခ)ဆူလိုင်မန်နှင့် စစိုးသီဟတို့၏ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။ မြန်မာဖိုက်တာများအနက် သန့်ဇင်က ထိုင်းဖိုက်တာထိုင်၊ သွေးလင်းထက်က ထိုင်းဖိုက်တာကိုင်မိုခါအို၊ အဲမွီက ဂျပန်ဖိုက်တာ တာကာဇိုနို၊ စစိုးသီဟက ဂျပန်ဖိုက်တာ မာဆတိုရှီ၊ ထွန်းမင်းနိုင်(ခ)ဆူလိုင်မန်က ထိုင်းဖိုက်တာ ကော်ပိုင်တို့နှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဩဂုတ်လ၂၃ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင်စတင်ကျင်းပမည်ဖြစ်သည်။ ယခင်က မြန်မာကစားသမားများ အနေဖြင့် တစ်ဦး သို့မဟုတ် နှစ်ဦးသာ ထိုးသတ်ခွင့်ရသော်လည်း ONE Friday Fight-76 ပြိုင်ပွဲတွင်မူ ငါးဦးအထိ ထိုးသတ်ခွင့် ရရှိခြင်းဖြစ်သည်။