မန်ယူအသင်းက ယခုဘောလုံးရာသီအကုန်တွင်ကျင်းပမည့် အသင်း၏တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ဖျက်သိမ်းကြောင်းကြေညာ
မန်ယူအသင်းက ယခုဘောလုံးရာသီတွင် ရလဒ်ဆိုးများနှင့် တွေ့ကြုံနေရသည့်အတွက် ရာသီအကုန် တွင်ကျင်းပမည့် အသင်း၏ တစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းကြောင်း ကြေညာ ခဲ့သည်။
အစောပိုင်းက မန်ယူအသင်းသည် အသင်း၏တစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားကို မေလ ၂၀ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း အသင်းအနေဖြင့် ယခုဘောလုံးရာသီတွင် ရလဒ်များဆိုးရွားခဲ့သည့်အပြင် အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ကစားမည့် မန်စီးတီးအသင်း ပွဲစဉ်ကိုလည်း မထိခိုက်စေလိုသည့်အတွက် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ရာသီအကုန်တွင် အသင်း၏ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားကို ကျင်းပလေ့ရှိသော်လည်း ရလဒ်ဆိုးများ တွေ့ကြုံခဲ့ရသည့်ရာသီများတွင် ဖျက်သိမ်း လေ့ရှိပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကလည်း ရလဒ်ဆိုးများနှင့်တွေ့ကြုံခဲ့ရသည့်အတွက် အသင်း၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲ အခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့သည်။
မန်ယူအသင်းအနေဖြင့် တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့သော်လည်းဆုများကို ပုံမှန်အတိုင်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Ref;The Athletic