မြင်းခြံ-နွားထိုးကြီး နယ်စပ်နှင့် ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တို့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

မြင်းခြံ-နွားထိုးကြီး နယ်စပ်နှင့် ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တို့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၁၉ ရက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့ နယ်ရှိ ကျေးရွာများနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ရှေးဟောင်း လေးမျက်နှာစေတီအား ဩဂုတ်လ ၁၈ ရက်တွင် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများထံ ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းမှာမှန်ကန်မှုမရှိကြောင်းနှင့် တပ်မတော် လေကြောင်းသည် အဆိုပါနေ့ရက်တွင် ထိုမြို့နယ်များသို့ လာရောက်ပျံသန်းမှု မရှိခဲ့ ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများ ဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာနေရာများကို ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းနှင့် PDF အဖွဲ့များက တကောင်းမြို့တွင် လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ်အမြတ်ထားရာ ရှေးဟောင်းလေးမျက်နှာစေတီ၏ ဘေးပတ်လည်နံရံများ ထိမှန်ပျက်စီးခြင်းသာဖြစ်ကြောင်း သိရှိရသည်။

 အကြမ်းဖက်သောင်းကြမ်းသူ ပြည်ဖျက်မိစ္ဆာခေါ် သာသနာဖျက်မိစ္ဆာများသည် ဗုဒ္ဓဘာသာဝင်တို့ ဗုဒ္ဓဘုရားရှင် ကိုယ်စားပူဇော်သည့် ဥဒ္ဒိဿစေတီတော်များကို ရိုင်းစိုင်းစွာအကြိမ်ကြိမ်ဖျက်ဆီးလျက်ရှိကြောင်းနှင့်မြန်မာနိုင်ငံသည် ကမ္ဘာ့ကိုးကွယ်ရာ ဘာသာများဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည့်ဘာသာများကို လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့သည် ကိုးကွယ်ရာဘာသာအလိုက် အားပေးမှု၊ ချီးမြှောက်မှု၊ ထောက်ခံမှုများသာ စဉ်ဆက် မပြတ် လုပ်ဆောင်နေသည်မှာ မြန်မာသာမက ကမ္ဘာကပင်သိရှိပြီးဖြစ်သည်။ ယခုဖြစ်စဉ် တွင်လည်း ဗုဒ္ဓဘာသာဝင်များကို စိတ်နှလုံး မသာမယာဖြစ်အောင် တပ်မတော်ကို ထိုးနှက်အပုပ်ချရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှား လုပ်ကြံဖန်တီးထုတ်လွှင့်ခြင်း သာဖြစ်ကြောင်းနယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရသိရသည်။

Dates: 
Monday, August 19, 2024 - 15:35