သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို မေလ ၁၄ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု တစ်ဖက်သတ်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် AA အကြမ်းဖက် သောင်းကျန်းသူများ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်တွင်          AA အကြမ်းဖက်သောင်းကျန်းသူများက သံတွဲမြို့နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထား ငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။

Dates: 
Tuesday, August 20, 2024 - 05:10