ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သုံးကြိမ်သွင်းယူခဲ့သည့် ပထမဆုံးဂိုးသမားအဖြစ် မာတီနက်ဇ်မှတ်တမ်းဝင်
အက်စ်တွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ် သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သုံးကြိမ် သွင်းယူခဲ့သည့် ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၇)အဖြစ် ကစားခဲ့ သည့် လီဗာပူးအသင်းနှင့် အက်စ်တွန်ဗီလာအသင်းတို့ သုံးဂိုးစီသရေရလဒ် ထွက်ပေါ်သည့်ပွဲစဉ်၌ ပွဲချိန် ၂ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သည့် သွင်းဂိုး သုံးဂိုးရှိလာပြီးနောက် မှတ်တမ်းဆိုး တစ်ရပ်ရရှိခဲ့ခြင်း ဖြစ်သည်။
ဂိုးသမား မာတီနက်ဇ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ပထမဆုံးအကြိမ် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သည့် သွင်းဂိုးအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက အာဆင်နယ်အသင်းသည် အက်စ်တွန်ဗီလာအသင်းကို ၄ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ သွင်းယူခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယခုဘောလုံးရာသီတွင် အက်စ်တွန်ဗီလာအသင်းနှင့် လူတန်အသင်းတို့ပွဲစဉ်တွင်သွင်းယူခဲ့ခြင်းဖြစ်ကာ ယခုတတိယအကြိမ်အဖြစ် လီဗာပူးအသင်းနှင့် ပွဲစဉ်တွင်သွင်းယူပြီးနောက် မှတ်တမ်းဆိုးတစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲဟု အမည်ပြောင်းလဲကျင်းပ ခဲ့သော ၁၉၉၂ ခုနှစ်နောက်ပိုင်း ကိုယ့်ဂိုးကိုယ်သွင်းယူ ခဲ့သည့်သွင်းဂိုး(Own Goal) အများဆုံးဂိုးသမား များအဖြစ် အစောပိုင်းက မာ့ခ်ဘန်း၊ ပီတာချက်ချ်၊ ရှေးဂစ်ဗင်၊ ရော့ဘ်ဂရင်း၊ ကက်စ်ပါရှမိုက်ကယ်၊ တွမ်ဟီတန်၊ တွမ်ခရူးစ်၊ လီနိုနှင့် ရစ်ချက်ဝှိုက်တို့က နှစ်ကြိမ်စီရှိခဲ့ကြပြီး ယခုအခါ မာတီနက်ဇ်က သုံးကြိမ်ရှိလာသည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သည့်သွင်းဂိုး သုံးကြိမ်ရှိခဲ့သည့် ပထမဆုံးဂိုးသမား ဖြစ်လာခဲ့ကြောင်း သိရသည်။
Ref;The Athletic