လွိုင်ကော်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ - ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် တာဝန်ရှိသူများက လွိုင်ကော်တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် အာလူးများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
Dates:
Tuesday, August 20, 2024 - 20:32