မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၁၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၈ ရက် ည ၈ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်းကျေးရွာ အနီးတွင် ဇော်မင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ အလားတူ ဩဂုတ်လ ၁၈ ရက် ညနေ ၃ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်ရှဲန်(ခ)စိုင်းရှဲန်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၇ ရက် ည ၇ နာရီတွင် လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်တွင် စိုင်းမိုင်းခွန်း မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ထိန်းချုပ် ဓာတုပစ္စည်း Ammonium Nitrate ၂၉၅၀၀ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။